တစ်ပါးတည်းသော အသံတစ်ရပ်သည် စူးစူး ကျစ်ကျစ် ထွက်ပေါ်နေ၏။ ဤသည်မှာ သူ့ အိပ်စက်မှုကို အနှောင့်အယှက် ပေးလေသည်။
သူက မျက်လွှာကို အသာ ပင့်သည်။ သူ့ခါးကို တစ်စုံတစ်ခုက ရစ်နှောင်ထားသကဲ့သို့ ခံစားရသည်။ ထိုအရာကို ကြည့်ရန် ဆုံးဖြတ်မိချိန် ...
ရှပ် .. ရှပ် .. ရှပ် ...
နီးကပ်သော ခြေလှမ်းသံ တစ်ခုကို သူ ကြားရသည်။ အထူးသဖြင့် ယောက်ျားတစ်ဦး၏ လှမ်းလျှောက်သံ။ သူက တံခါးဝကို ကြည့်မိသည်။
အို .. တံခါးဝမှာ ကိုကိုပါလား။ ပျော်ရွှင်မှုဖြင့် သူသည် အိပ်ရာမှ ဖွဖွ ဆင်းလိုက်၏။ သူ့ ခါးမှ တစ်စုံတစ်ခု ပြုတ်ကျသွားသည်။ သူ ဆင်းနေဆဲတွင် တံခါးဝရှိ ကိုကိုသည် လျှင်ခနဲ ထွက်ပြေးသွား၏။
သူက အမြန် လိုက်သည်။ ကိုကို့ အရိပ်ဟာ ဖျတ်ခနဲ ဖျတ်ခနဲ။ အောက်ထပ်ထိ ဆင်းပြေးသွားသော ကိုကို့နောက် အမှီလိုက်ရင်း သူသည် အိမ်ဝသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သတိထားမိ၏။
ထိုနေရာမှာ ကိုကို ပျောက်သွားပြီ။ သူ့မှာ အသက်မဲ့သော လူတစ်ဦးနှယ် ကယောင်ကတမ်း ဖြစ်သွား၏။
ထိုစဉ် ကိုကို့ သွင်ပြင်ကို ထပ်မြင်လိုက်ရသည်။ ကိုကိုသည် ခြံကို ဖြတ်၍ အပြင်ထွက်သွား၏။
သူ ကိုကို့အပါး ထပ်မံ ပြေးသွားပြီး ခြေလှမ်းမှာ ခြံဝ၌ တန့်သွား၏။ ခြံတံခါး ပိတ်ထားသဖြင့် သူ အပြင်ထွက်၍ မရ။ ကိုကို မည်သို့ အပြင်ထွက်သွားသနည်း။
တံခါးမှာ သော့ခတ်ထားသည်။ သူက လက်ဖြင့် သော့ကို ဆောင့်ဆွဲဖွင့်သည်။ မရ။ သော့က ပြုတ်ထွက်မလာ။
ထို့ကြောင့် သူသည် ခြံတခါးကို မရမက ကုပ်၍ တွယ်တက်၏။ သည်အခိုက်တွင် ခြံထဲမှ ကောင်လေးတစ်ဦးက ထိတ်ထိတ်လန့်လန့် ပြေးထွက်လာသည်။
"ဆရာ ဆရာ ဘယ်သွားမလို့လဲ ။ "
သူ့ ကြိုးစားမှုက တစ်ဝက် ရှိပြီ။ ခန္ဓာကိုယ် တစ်ခုလုံးက ခြံတံခါးမှာ ကပ်တွယ်ထားပြီဖြစ်၏။
ကောင်လေးသည် မှီရာ သူ့ ခြေထောက်ကို လှမ်းဆွဲ၏။ သူက လျစ်လျှူရှု၍ ပြင်ပရောက်ရန် ကြိုးစားသည်။
BINABASA MO ANG
Swamping with Intimacy (Season2)
Romance-သိုက်မင်းဆက် နောင်တဆိုတာ မရှိဘူး ကိုကိုဖြစ်နေသရွေ့ ... -ခန့်ဦးရှိန် သိုက်နဲ့ ပတ်သတ်တဲ့ လူတိုင်းကို ငါချစ်နိုင်ပါတယ် ... (I want you to enjoy Season-1 before this>,<)