အပိုင်း-(၁၈)

78.2K 8.4K 2.5K
                                    

"ဒါဘာလဲ"

လက်ထဲရောက်လာသော အညိုရောင်အဖုံးနှင့် ခပ်ထူထူစာအုပ်ကလေးကို ဘယ်တလှန် ၊ ညာတလှန် စူးစမ်းသလိုကြည့်ရင်း မေးတော့ ကောင်လေးက ရယ်ကျဲကျဲလုပ်၍ သူ့လည်ပင်းသူ ပွတ်နေသည်။ ဒါက ရှက်သွေးသွမ်းခြင်းရဲ့ လက္ခဏာပဲ။

"ဟို...ကိုကိုနဲ့ဝေးနေတုန်း ကျွန်တော့်ရဲ့ခံစားချက်တွေကို ရေးထားတာ...."

ပုံမှန်ဆို အရှက်မရှိတဲ့ကောင် မဝံ့မရဲဖြစ်နေရသည်က ဒီဒိုင်ယာရီစာအုပ်လေးကြောင့် ဆိုတာ နားလည်သွားရသည်။ ခေါင်းတဆတ်ဆတ်ညိမ့်ရင်း သူ့ဘေးချထားလိုက်ကာ လက်ခံဖြစ်ပါသည်ပေါ့။

"ခဏနေဖတ်မယ်နော်"

"ဟင့်အင်း အိမ်ရောက်မှဖတ် ကိုကို"

မျက်လုံးရွဲကြီးများနှင့် တောင်းဆိုသော အဖြစ်ကို စူးစမ်းလိုသော သူ့စကားနာက မတွန်းလှန်နိုင်ချေတကား။ ယောက်ျားတစ်ယောက်သည် တစ်ပါးသော ယောက်ျား၏ နူးညံ့မှုမှာ ပျော်ဝင်တတ်ပေသည်လား။ ကိုယ့်စိတ်နဲ့ကို ရှက်မိကာ စင်ပေါ်က နှစ်ပါးသွားကနေသော ဇာတ်မင်းသားနှင့်မင်းသမီးကို ကာဗာသဖွယ်ဟန်ဆောင်ပန်ဆောင် သဘောကျရတော့သည်။

"ကိုကို ကျွန်တော်အာလူးကြော်ထည့်ပေးမယ်"

"မင်းလည်းစားလေ"

"ဟုတ်ကဲ့"

ခပ်ဝါဝါအာလူးကြော်သည် သစ်တောစားနေကျဆိုင်က ဝယ်လာမှန်း အပေါ်ယံအမြင်အာရုံအရ အတပ်သိသည်။ သိုက်မင်းဆက် မနှိုက်ခင် သတိချပ်၍ မြန်မြန်နှိုက်စားနေသည်က ဘာမဟုတ်တဲ့ လက်ချောင်းချင်း ခလုတ်တိုက်မှာ စိုး၍သာ။

တစ်ဖက်က ကောင်လေးက ဇာတ်ပွဲကို စိတ်ဝင်တစား ကြည့်၍ ရေနွေးသောက်တန်သောက် ၊ မုန့်စားတန်စားနှင့် သူ့ကိုပါ တစ်ချက်တစ်ချက် လှည့်ကြည့်သေး၏။

နေစမ်းပါအုံး ၊ ဒီပုံစံက မင်းကဖြူစင်ပြီး ငါကပဲ မရိုးမယွဖြစ်နေရတာလား။

မကျေနပ်စိတ်က ပေါက်ကွဲလာတော့ နီးစပ်ရာ လက်မောင်းကို လက်သီးနှင့် "ဖောင်း" ခနဲ နေအောင် ထိုးပစ်လိုက်သည်။

"ကိုကို နာတယ်ဗျ။ ဘာဖြစ်တာတုန်း ဘလိုင်းကြီး..."

"မင်းကို အမြင်ကတ်လို့"

Swamping with Intimacy (Season2)Where stories live. Discover now