အပိုင်း-(၂၈)

83K 7.8K 1.5K
                                    

အခန်း၏ အပူရှိန်တွင် အအေးက ဖိစီးလာသဖြင့် သူသည် စောင်ကို ပုခုံးထိဆွဲခြုံလိုက်ရသည်။ ဘေးကကိုယ်နားသို့ တိုးကပ်သွားချိန်  နွေးထွေးသော အငွေ့အသက်ဟာ သူ့ရင်ထဲကို ပြည့်နှက်စေ၏။

"ကိုကို ... ချမ်းလို့လား?"

သိုက်သည် သူ့အား ခါးမှ သိမ်းပွေ့၍ စောင်ဖြင့်ကလေးလေးလို ထုပ်ဖက်ထားသည်။ မအိပ်ချင်တော့ဘဲ မျက်လွှာကို ဖြည်းဖြည်းဖွင့်ကြည့်သည့်အခါ သိုက်၏ ရင်အုပ်က ဆီးကြိုသည်။ အမွှေးအမျှင်ပါးပါးရှိသည့် ရင်ခွင်ကျယ်ကြီးက သူ့ကို တစ်ညလုံး နွေးထွေးစေခဲ့တာ တစ်နည်းဆိုလျှင် သူဟာ သိုက်ရင်ခွင်ထဲ ပြိုဆင်း၍ အားလျော့သွားခဲ့တာဖြစ်မည်။

သူ သိုက်ကို မော်ကြည့်လိုက်ရာ မြင်ရသော မပွင့်တပွင့်မျက်ဝန်းတွေမှာ ညိုနုမှုတောင် သိပ်မတွေ့ရ။ ဒါ့ပြင် မျက်ဝန်းအောက်နားတွေက မည်းချိုင့်နေသည်။ ဒီကောင်လေး မအိပ်ဘူးလား။

"အိပ်မပျော်ဘူးလား သိုက်"

ကိုကိုအမေးကို မင်းဆက် ခေါင်းရမ်းပြလိုက်သည်။ သူ အိပ်မပျော်တာတော့မဟုတ် ၊ မအိပ်တာရယ်ပါ။ မနေ့ညက လေးချက်တီးလောက်မှ သူတို့အိပ်ဖြစ်ကြသည်။ ကိုကို့ကို သန့်ရှင်းရေးလုပ်ပေးပြီး ဆေးလိမ်းဘာညာ နှင့် ခြင်ကိုက်မည်စိုး၍ ခြင်ထောင်ပါထောင်ပေးဖြစ်တာက တစ်နာရီလောက် ကြာမည်။ ကျန်တဲ့အချိန်တွေမှာ သူအိပ်လို့ရသော်လည်း မအိပ်ဖြစ်ပါ။ ကိုကို့ကို ရင်ခွင်ထဲ ထည့်ပြီး တစ်ညလုံး ကြည့်နေခဲ့တာဖြစ်သည်။ ကိုကို့အသက်ရှုသံကို ချင့်ချိန်မှတ်တွက်နေခဲ့တာ ၊ မျက်တောင်လေးတွေကို စူးစမ်းငေးစိုက်နေခဲ့တာ။ ရူးကြောင်ကြောင်နိုင်သော အပြုအမူများကို ကိုကို့ကိုရူးသည့်ကောင် က ဖန်တီးတော့လည်း မထူးဆန်းပါ။

"ဒီနေ့အလုပ်မလုပ်နဲ့တော့ အိပ်လိုက်နော် သိုက်"

သူ့ရင်ခွင်ထဲ ထပ်မံတိုးဝင်လာသော ကိုကို့ကို ယုယရတာသည် မက်မောဖွယ်ဖြစ်၏။

"သက်သာရဲ့လား ကိုကို"

"အီစိမ့်နေတာပဲ ခုထိနာတုန်း"

ဒုတ်ထိုးအိုးပေါက်အပြောနှင့် သူ၏ မနက်ခင်းဟာ အပြုံးဆင်သည်။ ကိုကို့ ပုခုံးလေးထက် သူနမ်းရှိုက်ရင်း အသားစိုင်တိုင်းမှာ သူ့ကိုက်ဖွရာတွေက အထင်းသားဖြစ်ကြောင်း မြင်နေရသည်။

Swamping with Intimacy (Season2)Where stories live. Discover now