ပုံပြင်လေးက ဒါပါပဲဗျာ"
ရင်ခွင်ထဲက သားခေါင်းလေးကို ပုတ်ပေးရင်း ပုံပြင် စာအုပ်ကို ပိတ်လိုက်၏။ သားသည် သူ့ခါးကို ကျစ်နေအောင် ဖက်ကာ ခေါင်းဖြင့် ဗိုက်ကို မွှေ့ပြီး ချွဲသည်။
"ဖေကြီးတို့နဲ့ လာအိပ်မလား ဂိုဂိုး"
"အိပ်ဘူး"
"မင်းက လူကြီးလုပ်နေတယ်ပေါ့ ဟုတ်လား"
သားဘေး သူပါ ဝင်လှဲပြီး ချော့သိပ်ရန် ပြင်သည်။ သားက သူ့ကို မျက်ဝန်းညိုများဖြင့် ရှုတည်တည် မော့ကြည့်နေ၏။ သည်ကောင်လေးဟာ အရယ်အပြုံးနည်းပြီး လူမိုက်ရုပ်ချည်း လုပ်တတ်သည်။
"မနက်ဖြန် ဖေကြီး ဘွဲ့ယူရမှာ ... "
"ဘွဲ့ ချိုတာ ဘာယဲ"
"ဘွဲ့ဆိုတာ အတန်းပညာတစ်ခုကို ပြီးဆုံးတတ်မြောက်ကြောင်း သက်သေပေါ့ သားရယ် ... ဧည့်ခန်းထဲမှာ ဖေကြီး ဘွဲ့ယူထားတဲ့ ပုံရှိတယ်လေ ... အဲ့ဒါ ရိုးရိုးဆရာဝန်ဘွဲ့ ... မနက်ဖြန်ကျ အရိုးအထူးကုဘွဲ့ ယူမှာ ... အဲ့ဓာတ်ပုံထဲကလို အဝတ်အစားနဲ့ ဦးထုပ်နဲ့ ဘွဲ့အခမ်းအနား တက်ရမှာပေါ့ ..."
"ဒယ်ယော"
"သားဒယ်ဒီက အတန်းပညာကို ပြီးဆုံးတဲ့ထိ မသင်ခဲ့တော့ ဘွဲ့မရဘူး ... သူက စီးပွားရှာခဲ့တာ ... သူစီးပွားရှာတော်လို့ သား ကောင်းကောင်းနေနိုင်တာပေါ့"
သူက ကိုကို့ကို အမွှန်းတင်ပြီး ပြောသည်။ သားက နားလည်သယောင် ခေါင်းငြိမ့်ပြ၏။
"ဖိုးယော"
"ဘယ်ဖိုးလဲ ဖိုးဖိုးခန့်လား"
သားက ခေါင်းကို ထပ်ညိမ့်၏။
"ဖိုးဖိုးကလဲ ဒယ်ဒီ့လိုပဲ စီးပွားရေးလုပ်တယ် .. ဒါကြောင့် ဂိုဂိုးကို မုန့်ဖိုးတွေ များကြီး ပေးနိုင်တာပေါ့"
"ဟိုဖိုးယော"
"အဲ့ဖိုးဖိုးကတော့ အသက်ကြီးလို့ အလုပ်နားထားရတယ် ... သူက စခန်းမှူး ... သူ့အလုပ်က လူဆိုးတွေကို ဖမ်းရတာ"
"ယေးငယ်ယော"
"သားလေးငယ်က အင်ဂျင်နီယာလောင်းဗျာ .. အင်ဂျင်နီယာဖြစ်ဖို့အတွက် ကျောင်းတက်နေတုန်း"
YOU ARE READING
Swamping with Intimacy (Season2)
Romance-သိုက်မင်းဆက် နောင်တဆိုတာ မရှိဘူး ကိုကိုဖြစ်နေသရွေ့ ... -ခန့်ဦးရှိန် သိုက်နဲ့ ပတ်သတ်တဲ့ လူတိုင်းကို ငါချစ်နိုင်ပါတယ် ... (I want you to enjoy Season-1 before this>,<)