ဝေလီဝေလင်းအချိန်ကို ကျော်လွန်၍ မိုးစင်စင်လင်းနေသော မနက်ခင်းဖြစ်သည်။ ကြက်ဖတွန်သံနောက်ကျသည့်အခါမှ သစ်တောက အိပ်ရာထပါသည်။
ညက စွပ်ကျယ် အပြင် ရေချိုးရန် တဘက်ကို ပုခုံးပေါ်တင်၍ အပေါ်ပိုင်းဗလာနှင့် ပုဆိုးကို တိုတိုဝတ်ကာ မျက်နှာသစ် ၊ သွားတိုက်ရန် အိမ်ရှေ့က အုတ်ရေကန်ကို လာသည်အထိ အရာအားလုံးက ပုံမှန်။
အုတ်ရေကန်၏ အောက်ရှိ ခင်းထားသော ကြွေပြားပေါ်တွင် ရပ်ကာ တန်းပေါ်သို့ အဝတ်ကို တင်ရင်း ထင့်နေသော စိတ်ကြောင့် မှုန်ဝါးဝါးမျက်ဝန်းတို့ကို ပွတ်သပ်လို့ အိမ်ရှေ့ဆီ လှမ်းကြည့်မိသည်။
"အမယ်လေး!!"
ခြံစည်းရိုးထိပ်၌ ငေးနေသော အရိပ်လေးက ခြံတံခါးကို ဆွဲဖွင့်၍ ခပ်တည်တည်နှင့် အိမ်ထဲ ဝင်လာသည်။ အိမ်ထဲ ဝင်တာ မဟုတ် ၊ သစ်တော ရပ်နေရာ ရေကန်ဆီသို့ တည့်တည့်လျှောက်လာခြင်းဖြစ်မည်။ ဆေးရုံမှ တန်းလာသော ပုံရသည့် Duty coat အဖြူနှင့်ပုဆိုးညိုကို ဝတ်ဆင်ထားသော်လည်း ထိုကိစ္စက အရေးမဟုတ်။ ယခင်က သူ့အတွက် ဘာမှမရေးမကြီးခဲ့သော အပေါ်ပိုင်းဗလာအနေအထားသည် ဒီကောင်လေးရှေ့ရောက်မှ တန်းပေါ်မှ စွပ်ကျယ်ကို ဆွဲယူကာ အတွင်းသားများရှေ့ ယောင်ယမ်းကာလိုက်မိသည်အထိ အရေးကြီးသွားခဲ့သည်။
"ကိုကို....နိုးပြီလား?"
"မင်း ဘယ်လိုလုပ်..."
အိပ်ရာနောက်ကျမှ ထတတ်သည့်အကျင့်က မပြောင်းလဲချေ။ သို့သော် အင်္ကျီချွတ်နဲ့ကတော့ မဟုတ်သေး။ ပိုဆိုးတာက မင်းဆက် ရောက်လာမှ တန်းပေါ်က သူ့ စွပ်ကျယ်နှင့် အသည်းအသန် ကာနေသည်။ ဒီလူက သူ့တစ်ကိုယ်လုံးကို မမြင်ဖူးတာ ကျလို့ပဲ။
ခုလည်း ဝတ်ရန်ပြင်နေသော စွပ်ကျယ်ကို လက်က မြန်မြန်ဆွဲယူလိုက်သည့်အခါ စူးခနဲ ရလိုက်သော အကြည့်က ရဲထောက်လို့။
ရယ်ချင်စရာပဲ။
"ဘာ...ဘာလုပ်တာလဲ? ငါ့ စွပ်ကျယ်ပြန်ပေး"
"ဘယ်သူက အင်္ကျီချွတ်နဲ့ အပြင်ထွက်ခိုင်းတာလဲ?"
"ဘာတွေပြောနေတာလဲ? ငါရေချိုးမလို့"
VOCÊ ESTÁ LENDO
Swamping with Intimacy (Season2)
Romance-သိုက်မင်းဆက် နောင်တဆိုတာ မရှိဘူး ကိုကိုဖြစ်နေသရွေ့ ... -ခန့်ဦးရှိန် သိုက်နဲ့ ပတ်သတ်တဲ့ လူတိုင်းကို ငါချစ်နိုင်ပါတယ် ... (I want you to enjoy Season-1 before this>,<)