အပိုင်း-(၅၅)

64K 6.7K 1.9K
                                    

သူ့ မျက်ခွံများက ခဲဆွဲထားသလို လေးလံနေသည်။ မျက်တောင်ကြားမှ အလင်းရောင်ပျပျကို မြင်ရသည်။ ထို အလင်းရှိရာကို အားယူ၍ စူးစိုက်ကြည့်မိသည်။

"လုယာ ... နိုးပြီလား?"

သူ့ဘေးမှာ ဆရာထင်ဆန်းနိုင်ကို တွေ့ရသည်။ ဆရာက သူ့ကို စိုးရိမ်မှုဖြင့် အကဲခတ်နေသည်။ သူ ခေါင်းကို ငြိမ့်ပြီး ကိုယ်ကို လက်ထောက်၍ ထလိုက်သည်။

"ရေသောက်လိုက်အုံး"

ဆရာ မျိုးဆေးမြတ်က ရေတစ်ခွက်ကို ကမ်းပေးသည်။ သူ ယူ၍ မော့သောက်ချစဉ် နှုတ်ခမ်းဖျားမှ နာကျင်မှုကို ခံစားရသည်။

"မင်းဘယ်လိုလုပ်လိုက်တာလဲ လုယာ "

ဆရာက သူ့ကို ငေးကြည့်၍ ယူကြုံးမရဖြစ်စွာ ပြောသည်။ ဆရာ့ပုံစံမှာ ဒေါသကို ထိန်းချုပ်ထားဟန် ရှိ၏။

"မင်း လုပ်လိုက်တဲ့ လုပ်ရပ်ကြောင့် သူများမိသားစု ပြဿနာတက်သွားပြီ ... မင်းက ကလေးလည်း မဟုတ်တော့ဘူးကွာ ... သိတတ်တဲ့ အရွယ်ရောက်နေပြီကို ဘာလို့ ဒီလောက်ထိ မိုက်မဲရတာလဲ"

သူက ခေါင်းကို ငုံ့၍ မျက်ရည် တွင်တွင်ကျမိသည်။ သူဟာ ခုချိန်မှာ ဘယ်သူ့ကိုမျှ ရင်ဆိုင်ဖို့ သတ္တိမရှိသော အရှုံးသမားတစ်ယောက် ဖြစ်ချေပြီ။

"ငါတို့ တစ်ရွာလုံး မင်းကို ငယ်ငယ်လေးထဲက စောင့်ရှောက်ခဲ့တယ် ... ငါတို့ရဲ့ မွေးမြူပုံတွေ မှားယွင်းခဲ့လို့ မင်းမှာ ဒီလို စိတ်ယုတ်တွေ ရှိနေခဲ့တာလား ဟမ်"

"ထင်ရယ် .. "

ဆရာက ဆူပူရင်း သူ့ကို ဝမ်းနည်းစွာ ကြည့်နေသည်။ ဆရာပေးသော မေတ္တာနှင့် ကိုသစ်၏ သံယောဇဉ် ကို သူ တစ်ညတည်း နှင့် ရိုက်ချိုးမိခဲ့ပြီ။ ဒီအတွက် သူ့မှာ ဖြေရှင်းဖို့ စကားလုံးပင် မရှိခဲ့။

အတ္တဖြင့်သာ ပြုမူခဲ့သော ထိုအဖြစ်မှာ သူ့ဘဝ၏ အမည်းစက် ဖြစ်သွားခဲ့ပြီ။ သူဟာ ယုတ်ညံ့သော ဖက်ခြမ်းကို စိတ်အလိုလိုက်၍ မှားယွင်းခဲ့ပြီ။ ပညာတတ် တစ်ယောက်ဖြစ်ပါလျက် သူများ အိမ်ထောင်ရေးကို ဖျက်ဆီးမိခဲ့ပြီ။

လုယာ၏ ပါးပြင်မှ စီးဆင်းသွားသော မျက်ရည်စများသည် သာမာန်ထက် ပို၍ ပူပြင်းနေခဲ့သည်။

Swamping with Intimacy (Season2)Where stories live. Discover now