Extra-18

50.2K 3.3K 569
                                    

သုံးနှစ်အရွယ် ဂိုဂိုးလေးကို လွမ်းတယ်ဆိုပြီး တောင်းဆိုကြတဲ့ သူတွေများလို့ အလွမ်းပြေ ရေးပေးတဲ့ Extra ပါ။

••••

လက်ထဲမှ လေအေးပေးစက် ခလုတ်ကို ပိတ်ချရင်း မင်းဆက် ကုတင်ပေါ် လှဲအိပ်လိုက်သည်။ နေရထိုင်ရသည်မှာ ချမ်းစိမ့်စိမ့်နှင့် ဟိုကိုက်သည်ကိုက်ရှိလှသည်။ တစ်ကိုယ်လုံးကို သယ်ချင်စိတ်မရှိသကဲ့သို့ ခေါင်းအစ၊ ခြေအဆုံး နွမ်းနေသည်။ နဖူးပေါ် လက်တင်စမ်းတော့ အပူရှိန်က ဖျားသည့်ဘက်ကို ကဲသည်။ ကြည့်ရတာ ရာသီပေါ် တုပ်ကွေးက စဝင်ပြီထင်သည်။

အင်မတန် ချမ်းလာ၍ ဂွမ်းစောင်ကို ထုတ်ကာ ရင်ခေါင်းထိ ခြုံလိုက်သည်။ အဖျားသည်းလာသည်နှင့်အမျှ မိမိအနားသို့ တကပ်ကပ် ကပ်လေ့ရှိသည့် ကလေးကြီးနှင့် ကလေးလေးကို ကူးသွားမှာလည်း စိတ်မှာ စိုးရိမ်ချေသည်။

တွေး၍မှ မဆုံးသေး၊ အပြင်က ပြန်လာသော ကိုကိုက အခန်းတံခါးကို ဖွင့်၍ ဝင်လာသည်။

"နေမကောင်းဘူးလား သိုက်"

ကိုကိုက သူ့ အဝတ်များကို လှဲလှယ်ရင်း သူ့ကို ကြည့်မေးသည်။

"တုပ်ကွေးလားမသိဘူး ကိုကို၊ ချမ်းစိမ့်နေတယ်။ မှန်တင်ခုံပေါ်က ကျွန်တော့်ဖုန်းလေး လှမ်းပါအုံး၊ ကိုလင်းကို ဖုန်းခေါ်ချင်လို့"

"ဆေးထိုးမလို့လား .. ကိုယ်ခေါ်ပေးမယ်"

ကိုကိုက မင်းဆက်၏ ဖုန်းကို ယူကာ ကိုလင်းဆီ ဖုန်းဆက်ပေး၏။ ထို့နောက် ကုတင်ပေါ်သို့ တက်ကာ မင်းဆက်ဘေး ဝင်လှဲသည်။

"အဖျားကူးအုံးမယ် ကိုကို"

"ခဏပါပဲ။ ချမ်းနေတယ်ဆိုတော့ ဖက်ထားပေးမလို့"

ကိုကိုက မင်းဆက်၏ ခန္ဓာကိုယ်အပေါ်ပိုင်း တစ်ခုလုံးကို တင်းကြပ်နေအောင် ဖက်လာသည်။ လက်မောင်းများကိုလည်း နှိပ်နယ်ပေး၏။ ထိုစဉ် ပြင်ပမှ တံခါးခေါက်သံ သေးသေးလေး ကြားလိုက်ရသည်။

"ကိုကို သားလားမသိဘူး .. ဝင်လာပြီး ပြေးဖက်ရင် သူ အဖျားကူးအုံးမယ်"

သားက မင်းဆက်တို့နှစ်ယောက်နှင့် တလုံးတထွေး နေတတ်သူမို့ စိတ်ပူမိခြင်း ဖြစ်သည်။ ကိုကိုက ရပါတယ် ဟု ဆိုကာ တံခါးသွားဖွင့်ပေးလျှင် တီရှပ်အဖြူပွပွနှင့် ချည်သားဘောင်းဘီရှည်လေးဝတ်ထားသော သားက ပြေးဝင်လာ၏။

Swamping with Intimacy (Season2)حيث تعيش القصص. اكتشف الآن