ဇာတ်သိမ်းပိုင်း

98.4K 7.7K 3.7K
                                    

ဖတ် ...

သူ ဖတ်နေသော စီးပွားရေးစာစောင်သည် ဘောလုံးတစ်လုံး ပစ်ဝင်လာခြင်းကြောင့် ယိုင်ခနဲ ရွဲ့သွားသည်။ ပိုင်ရှင်ကို စစ်မေးစရာမလို။

သူက ဘောလုံးကို ကောက်ပြီး ဂိုဂိုးကို စိတ်တိုသယောင် ကြည့်လိုက်သည်။

"ဒယ်ဒီ စာဖတ်နေတုန်း မနှောင့်ယှက်ရဘူးလေ"

သားသည် မျက်မှောင်ကုပ်ထားသည်ကို လျှော့ချကာ နှုတ်ခမ်းကို ဆူ၍ ..

"တူတူချော့ချင်ယို့ဘာ"

တည်နေရာမှ သူ့ ဒေါသသည် သား အချွဲအောက် အရည်တောက်တောက်ပျော်ကျရသည်။ သို့ဖြစ်၍ သူသည် ဘောလုံးကို သားဆီ ပြန်ပစ်ပေးရင်း နေရာမှ ထရပ်လိုက်၏။

"ခဏပဲနော် ... ပြီးရင် ဒယ်ဒီစာဖတ်မှာ လာမနှောင့်ယှက်ရဘူး"

"ရက်"

သူသည် သားခြေထောက်မှာ ရှိနေသော ဘောလုံးကို ဆွဲယူကာ ဝေ့ဝှိုက် ကန်သည်။ သားမူ အလျှော့မပေး။ သူ့ ခြေထောက်များကြားမှ မရရအောင် လိုက်ယူသည်။

မည်သို့ဖြစ်စေ သားသည် ယခုချိန်ထိ ညစ်မြဲဖြစ်သော သူ့ကို နည်းနည်းမျှ မနိုင်ပေ။ ထိုအခါ စိတ်တိုပြီး သူ့ ခြေသလုံးကို ကုန်းကိုက်လေသည်။

"အား !! မဆော့ပေးဘဲနေမှာနော် ဂိုဂိုး ... ဒယ်ဒီ့ကို အနိုင်မကျင့်နဲ့"

"ဒယ်ဒီက နိုင်ကျင့်ဒါ"

ပြီး သူ့ကိုယ်ပေါ် ကုပ်ကပ်တက်ကာ လက်သီးဆုပ်လေးများနှင့် စိတ်ဆိုးမာန်ဆိုး ထုရိုက်သည်။ သူက ရယ်မောပြီး မြက်ခင်းပြင်သို့ ပစ်လှဲကျသွားကာ သားအဖနှစ်ယောက် လုံးထွေးနေမိသည်။

ထိုစဉ် ..

"ဟာ .. ဖေရီး ပြန်ယာဘီ"

ကားသံ ကြားလျှင် ကြားချင်း သားသည် သူ့ရင်ခွင်ထဲမှ ခုန်ပေါက်ထွက်ကာ ခြံပြင်သို့ ပြေးသွား၏။ သူက အံ့သြမှုဖြင့် မတ်တပ်ထရပ်ကာ ကြည့်လိုက်ပါလျှင် ခြံဝတွင် Taxi တစ်စီး ထိုးဆိုက်ထားသည်ကို တွေ့ရပါသည်။

သားပြောသကဲ့သို့ သိုက်ပြန်လာသည်လော။

သားက ခုရက်ပိုင်း သူ့ ဖေကြီးကို လွမ်းသဖြင့် အိမ်ရှေ့ ဘယ်သူလာလာ သူ့ အဖေပဲ ထင်နေတတ်သည်။ သို့ရာတွင် သည်တစ်ခါ၌ သား မှန်ပါ၏။

Swamping with Intimacy (Season2)Where stories live. Discover now