လေတစ်ချက်အဝှေ့တွင် သစ်တောရဲ့ လက်သီးဆုပ်က မြှောက်တက်သွားသည်။
"အား...နာတယ်"
အော်သံကို လျစ်လျှူရှု၍ ဖိထိုးလျက်စ ခေါင်းထိပ်ကို နောက်တစ်ချက်ထုချပစ်သည်။ မရိုးမယွစိတ်နဲ့ ထုသတ်ချင်လောက်အောင် ဒီကောင်လေး လာလုပ်နေတာ။
"ကြီးကောင်ကြီးမားနဲ့ လာချွဲမနေနဲ့။ ကြက်သီးထတယ်..."
လေသံကို မာမာပြောလို့ ရှေ့တည့်တည့်ကိုသာ ဆက်လမ်းလျှောက်ဖြစ်တော့ အနီးပါးက ကိုယ်လေးက အမှီလိုက်လို့ပဲ။
"ဆရာဝန်ခေါင်းဗျ။ လက်လွတ်စပယ်မလုပ်ပါနဲ့"
"ဘာပြောတယ်...မင်းတော့ ထပ်နာချင်နေပြီ"
ထပ်ရွယ်လာတဲ့ လက်သီးကြောင့် ဆိုက်တူဂိုက်တူကိုယ်က ခပ်ကျုံ့ကျုံ့။ ထို့ပြင် မျက်နှာကို တစ်ဖက်လွှဲကာ "အနိုင်ကျင့်လိုက်တာ" ဟု ဆိုသည်။
စိတ်ရှိလက်ရှိလုပ်လိုက်ရင် တစ်စစီဖြစ်တော့မယ်။
"ထားတော့...ဆက်ပြော"
"ဘာအပိုင်းတွေ သိချင်သေးတာလဲ?"
"ငါ့အချစ်ရေးအကြောင်း။"
အဝေးဆီက လယ်ကွက်များကို ငေးရင်း ကိုကိုပြောလာသည်က လေးလေးပင်ပင်ပါပဲ။ သေချာပေါက်မင်းဆက်ပါဝင်မည်ဖြစ်သည့် အချစ်ရေးအား စိတ်ဝင်စားခြင်းကို အထူးကျေးဇူးတင်မိပါသည်။
"ကိုကိုနဲ့ကျွန်တော့်အကြောင်းပေါ့...."
"ငါ့အချစ်ရေးပါဆို။ ငါနဲ့မင်းအကြောင်းပဲဖြစ်စရာလား? ငါ့ဘဝမှာ ချစ်သူဆိုလို့ မင်းတစ်ယောက်ထဲရှိခဲ့တာလား?"
ဝမ်းနည်းသွားတဲ့ နှလုံးသားက သက်ပြင်ငွေ့အချို့ကို မှုတ်ထုတ်နှစ်သိမ့်သည်။
"ကျွန်တော် တစ်ယောက်တည်းမဟုတ်ပေမဲ့ ကိုကိုက ကျွန်တော့်ကိုပဲ ချစ်တာပါ။"
မဝံ့မရဲပေမဲ့ အမှန်တရားမို့ သူမတွန့်ဆုတ်ပါ။ ကျုံ့စုခံလိုက်ရသည့် မျက်မှောင်တို့က ကိုကို့အလိုမကျမှုကို သူ့ဆီတွန်းပို့၏။
"မဖြစ်နိုင်တာ။ ငါ့အသက်သုံးဆယ်ပြည့်တော့မယ်...တစ်သက်လုံးယောက်ျားတစ်ယောက်ထဲကိုပဲ ချစ်ဖူးဆိုတာက..."
YOU ARE READING
Swamping with Intimacy (Season2)
Romance-သိုက်မင်းဆက် နောင်တဆိုတာ မရှိဘူး ကိုကိုဖြစ်နေသရွေ့ ... -ခန့်ဦးရှိန် သိုက်နဲ့ ပတ်သတ်တဲ့ လူတိုင်းကို ငါချစ်နိုင်ပါတယ် ... (I want you to enjoy Season-1 before this>,<)