အပိုင်း-(၆၀)

68.7K 6.8K 1K
                                    

ပလပ်စတစ်အုပ်ထားသော ဓာတ်ပုံချပ်များကို သိုက်သည် ကြည်နူးဖွယ် မျက်နှာဖြင့် ကြည့်နေ၏။ သူက ထိုအနက်မှ တစ်ပုံကို ညွှန်းဆိုပြသည်။ သူ နှင့် သိုက်၏ First Date က ဓာတ်ပုံလေး ဖြစ်သည်။ ဓာတ်ပုံထဲ၌ သူတို့သည်  ကော်ဖီဆိုင်တွင် ထိုင်နေကြပြီး ကိုကို့ဖက်မှ Selfie ရိုက်ထားသော ရှုထောင့်မှာ ဖြစ်သည်။

"ဒါမှတ်မိလား သိုက် .. ကိုတို့ first date လေ ၊ မင်း ဆေးရုံမှာ အတူအိပ်ပြီး မနက် တရုတ်မသွားခင် လေဆိပ်က ဆိုင်မှာ"

ရှင်းပြနေသော သူ့ မျက်နှာမှာ ရှက်သွေးဖြင့် မက်မွန်ရောင် ထနေ၏။ သိုက်က ဟက်ဟက်ပက်ပက် ရယ်ပါသည်။

"ကျွန်တော်မှတ်မိတယ် ကိုကို .. ကျွန်တော် အားလုံး မှတ်မိပါတယ်"

ကျန် ဓာတ်ပုံများကို ပြသရာ၌လည်း သိုက် အတိအကျ မှတ်မိနေကြောင်း သူတွေ့ရသည်။ သို့သော် သိုက် မှတ်မိသည်များမှာ သူ မပျောက်ခင်က အဖြစ်အပျက်များကိုသာ ဖြစ်သည်။ သူ ရွာကို ရောက်ပြီး ကိစ္စများကိုတော့ သိုက်ဟာ သတိမရတော့။

သူက သိုက်အား ကုတင်ဘေးတွင် ထောင်ထားသော ဘွဲ့ဓာတ်ပုံကို ပြသည်။ သိုက်က ဘွဲ့ဝတ်စုံဖြင့် သူ့ကိုယ်သူ အံ့သြစွာ ကြည့်နေ၏။

"ဒါ ဘယ်သူလဲ ကိုကို"

ဓာတ်ပုံထဲက သူ့လက်ထဲ ချီထားသော သားကို သိုက်သည် လက်ညိုးထိုး၍ မေးသည်။

"ဒါငါတို့သားလေ သိုက်ရဲ့ ။ မင်းမှတ်မိလား"

သိုက်သည် သား၏ မျက်နှာလေးကို ထိကိုင်ကြည့်သည်။ ထို့နောက် စဉ်းစားဟန် တွေသွားသည်။

"ကျွန်တော် မသိဘူး ... ကျွန်တော် မမှတ်မိဘူး"

သူက သိုက်ကို နှစ်သိမ့်အားပေးသည့် အနေဖြင့် ပွေ့ဖက်လိုက်သည်။ သူ့မှာ ကုသ ပြုစုနိုင်သည်ကား အချစ်ပဲ ရှိပါသည်။

"နောက်တော့ မှတ်မိမှာပေါ့ သိုက်ရယ် ... ငါတို့သားက သိပ်ချစ်စရာကောင်းတယ် ... စကားလဲ တတ်တယ်"

"ဟုတ်လား"

"အင်း"

သိုက်က သား၏ ပုံလေးကို ထပ်မံ ငုံ့ကြည့်သည်။ သားသည် ဘွဲ့ယူစဉ် ဓာတ်ပုံရိုက်အခါက မြူးထူး၍ သွားသေးသေးလေးများ ပေါ်အောင်ပင် ရယ်နေခဲ့ပါသည်။ သား၏ ချစ်စဖွယ် ပုံရိပ်ကို ကြည့်ပြီး သိုက် ရင်၌ ဖခင်မေတ္တာသည် ပျိုးမြင့်လာဟန် တူသည်။

Swamping with Intimacy (Season2)Where stories live. Discover now