"ခန့်ရယ်....ငါမင်းကို လွမ်းလိုက်ရတာ"
ကွပ်ပျစ်ပေါ် နှစ်ယောက်သား ထိုင်ချပြီးသည်အထိ ဆွဲကိုင်ထားသော လက်များက လွှတ်မပေး။
ရော်ရွက်ခြောက်များကို ဖိနင်းထားသော တန်ဖိုးကြီး Boots နှင့် ကြက်ပေါင်ဖိနပ်တွေက အကွာသားဖြစ်သော်လည်း ထည်ဝါမှုချင်းတော့ ညီမျှသလိုပါပဲ။
"မင်းက ဘယ်သူလဲ?"
အတင်းအဓမ္မဖက်ယှက်နေသည်ကို မရုန်းရက်သော်လည်း ပတ်ဝန်းကျင်ကရှိသေးတာမို့ အိမ်ရှေ့က ကွပ်ပျစ်မှာပါ ထိုင်ခိုင်းဖြစ်သည်။ ဘာပဲပြောပြော ဒီတစ်ယောက်က ဟိုဆရာဝန်ထက် ပုံပျက်ပန်းပျက်တော့ ဖြစ်မနေ ၊ အသက်အရွယ်အရလည်း စောင့်ထိန်းနိုင်ပုံရှိပါသည်။
"အေးပေါ့...မင်းက ဘယ်မှတ်မိပါ့မလဲ?"
အရည်လဲ့နေသော မျက်ဝန်းများနှင့် သစ်တောကို တစိမ့်စိမ့်ငေးကြည့်ကာနေသည်။ ဒီအကြည့် ၊ ဒီအပြောက တစ်ဆိတ်...နွေးနွေးထွေးထွေးဆက်ဆံရေးလိုပဲ။
"မင်းကရော ငါ့ရည်းစားလား?"
ဖြောင်း...
"အာ့!"
ဘုရား။ ဒီကောင် သစ်တောကို နားရင်းအုပ်လိုက်တာလား။
လည်ကျသွားသော ဇက်ကို လက်ဖြင့်ပွတ်သပ်ရင်း မယုံနိုင်စွာ မော့ကြည့်လိုက်လျှင်...
"မင်းဘကြီးကို ရည်းစား။ ငါက မင်း သူငယ်ချင်း"
စိတ်ဆိုးနေတာမဟုတ်တဲ့ မျက်နှာအရိပ်အကဲက ပုံမှန်။
နေပါအုံး။ သစ်တောကို ချရဲတဲ့သူက လောကမှာ ရှိသေးတာလား။ အံ့သြသွားတဲ့ စိတ်ကြောင့် ပြန်တော့မရိုက်မိ။
"သူငယ်ချင်း?"
"အေး...သူငယ်ချင်း။"
ပျဉ်ထောင်အိမ်လေးသည် ကာလသားတွေ ဖဲရိုက် ၊ အရက်သောက်ဖြင့် ဆူညံနေသော်လည်း သူတို့ထိုင်ရာ ကွပ်ပျစ်ငယ်ကတော့ အေးချမ်းတိတ်ဆိတ်လို့နေသည်။ အပင်အို၏ အာဝါသအရိပ်ကို အားပြုလို့ ကောင်လေးနှစ်ယောက်ကြား ငြိမ်းချမ်းနေသည်။
"ဪ...ငါယူလာတာတစ်ခုပြမယ်"
ပြောပြောဆိုဆိုနှင့် သစ်တောသတိမထားမိခဲ့သော သူ့ကျောက လွယ်အိတ်ကို ဆွဲယူကာ ဇစ်ဖွင့်ပြီး အထဲက ပစ္စည်းတစ်ခုကို ထုတ်၏။ လက်ထဲပါလာသော ဓာတ်ပုံလေးက ရွှေအိုရောင်သံဘောင်ဖြင့် လှပသေသပ်နေသည်။
YOU ARE READING
Swamping with Intimacy (Season2)
Romance-သိုက်မင်းဆက် နောင်တဆိုတာ မရှိဘူး ကိုကိုဖြစ်နေသရွေ့ ... -ခန့်ဦးရှိန် သိုက်နဲ့ ပတ်သတ်တဲ့ လူတိုင်းကို ငါချစ်နိုင်ပါတယ် ... (I want you to enjoy Season-1 before this>,<)