အပိုင်း-(၆၁)

65.8K 6.6K 1.6K
                                    

ဖေကြီး၏ အခန်းထဲသို့ ရောက်ရှိနေပြီဖြစ်သော သူသည် ထောင့်ချိုးမှ ကျောပြင်သေးသေးကလေးကို အတန်ကြာ ငေးမောမိသည်။

ထိုကျောပြင်ငယ်ဟာ သူ့ကို သိဟန် မပေါ်။ လက်တွင်း၌ ကာတွန်းပုံပြစာအုပ်ကို ဆုပ်ကိုင်ထားပြီး မျက်ဝန်းညိုများမှာ စိတ်ဝင်စားခြင်းအရာကို ပြနေသည်။

"သား .. "

သူသည် နှုတ်မှ ထုတ်ခေါ်လိုက်၏။ သား။ သူ၏ သွေးမှ ဖြစ်သော သား။ သူ၏ ရင်မှဖြစ်သော သား။ သူ အချစ်ဆုံးယောက်ျားသုံးယောက်တွင် အပါအဝင်ဖြစ်သော သား။

သားသည် သူ့ကို ဖျတ်ခနဲ လှည့်ကြည့်သည်။ ပထမသော် သား၏ မျက်ဝန်းလေးမှာ ပြူးကျယ်သွားပြီး ထိုင်နေရာမှ ထရပ်သည်။ တွေ့လျက်က ယခင်ကဲ့သို့ ပြေးဖက်ခြင်း မပြုသော သားသည် သူ့ကို ကြောက်နေခဲ့ပါလော။

သူက ဒူးထောက်ထိုင်ချ၍ လက်ကို ဆန့်တန်းပေးသည်။ သားသည် သူ့ကို သွေးရောင်ထသော မျက်နှာရဲရဲ နှင့် ကြည့်နေဆဲ။ သား၏ ဆံပင်ကောက်လေးများ ပိုရှည်သွားသည်ကို သူသတိထားမိသည်။ နဖူးပေါ်ထိ ကွေ့ကောက်ကျနေသော ဆံမျှင်လေးတွေကို သူ သိပ်မြတ်နိုးရပါသည်။

"အင့် .. ဖေ ဖေ"

ကွမ်းတစ်ညာအကြာ၌မူ သားသည် တစ်ချက် ရှိုက်ငင်ပြီး သူ့ရင်ခွင်ထဲသို့ လုံးနေအောင် ပြေးဝင်လာသည်။ သူ ပွေ့ဖက်လိုက်သော် သားသည် အားကိုးရာ တစ်ခု ရသည့်နှယ် တအိအိ ငိုလာပါ၏။

"ဖေ ... ဂိုးကို ပစ်ထားဒယ် အီးဟီး .. ဖေ ယူချိုး ချိုး ... ဗြဲ"

ဒေါသအိုးသားသည် သူ့ကို ထုရိုက်ဖို့လည်း မမေ့လျော့ခဲ့ပါ။ သား၏ လက်သီးဆုပ်သေးသေးလေးများကို အုပ်ကိုင်ပြီး သူ တမွမွ နမ်းလိုက်သည်။ သားကို ပွေ့ဖက်ရင်း သူသည် တာဝန်မကြေသော သည်ဖခင်၏ အဖြစ်အား ဝမ်းနည်းစွာ ငိုကြွေးခြင်းဖြင့် ထပ်မရှိလာစေရန် ကတိပြုမိပါသည်။

သူသည် ဖေကြီးအား အတ္တကြီးသည် ဟု ယိုးစွပ်ခဲ့သည်။ ဖခင်ကောင်းမဟုတ် ဟု ထင်ခဲ့မိသည်။

စင်စစ်၌ကား ဖခင် ဆိုသော သည်နေရာတွင် သူသည်လည်း ဖြစ်ဖြစ်မြောက်မြောက် မကျေပွန်ခဲ့လေပါ။ သူသည် ဖေကြီး သူ့ကို ချစ်ပေးခြင်းလောက်သာ သားအပေါ် မပြည့်ဝနိုင်ခဲ့ပါ။

Swamping with Intimacy (Season2)Where stories live. Discover now