အပိုင်း-(၄၉)

70K 6.8K 1.6K
                                    

"ဖိုး ... ဖိုး .."

"ဟေ Baby ပြော"

အလှူမှာ အဖေ့ဂုတ်ကို မှီစီးရင်း ပတ်ချွဲနှပ်ချွဲလုပ်နေသော သားပင်ဖြစ်သည်။ ခပ်တည်တည်နေသော ဖေကြီးထက်စာလျှင် အဖေ့ကို သူက ပိုတွယ်သည်။ အဖေက အလိုလိုက် အကြိုက်ဆောင်တော့ ရောက်စကတည်းက တစ်ခုခုပူဆာချင်လျှင် ထိုဖက်ခြမ်းကို လှိမ့်လှိမ့် သွားတတ်သည်။

"ပိုက်ပိုက်"

"ဂိုဂိုးက ပိုက်ပိုက်လိုချင်တာလား ပေးမှာပေါ့ "

အဖေက Wallet ထုတ်ပြီး သူ့မြေးကို မုန့်ဖိုး အထပ်လိုက်ပေးသည်။ သို့ဖြစ်လျှင် ဂိုးခန့်ဆက်ရှိန်က မျက်လုံးလေးများ မှေးပိတ်အောင် ရယ်ပြီး သူ့ အဘိုးကို ဟိုနမ်း သည်နမ်း ချွဲ၏။

"ဟေ့ ဂိုဂိုး ... ဒယ်ဒီ့ကိုပေး အဲ့ပိုက်ဆံ"

အနားရောက်လာတော့ ဂုတ်လေး လှမ်းဆွဲပြီး ကိုကိုက တောင်းသည်။ ခေါ်များမထားလျှင် လူက ပုပုလေးနှင့် တစ်သောင်းတန် တစ်ထပ်လိုက်ကြီး ကိုင်ပြီး လျှောက်သွားနေအုံးမည့် သဘောပင်။

ကိုကို တောင်းတော့ သူက ဇဝေဇဝါ ရုပ်ဖြင့် မင်းဆက်ကို အားကိုးတကြီး လှမ်းကြည့်သည်။ သားအဖနှစ်ယောက် ဘာပြောမလဲ သိချင်၍ ဝင်မကူဘဲ အသာငြိမ်နေလိုက်သည်။

"ဂိုးပိုက်ပိုက်"

"မင်းက သုံးတတ်တာမှ မဟုတ်တာ ... ဒယ်ဒီက ဝယ်စရာရှိလို့ ပေးစမ်းပါ"

"ပေးဘူး"

အော်ငြင်းသည်ကို ကိုကိုက ဆွဲလုသဖြင့် သားမှာ သူ့ ပိုက်ဆံလေးကို ကျစ်နေအောင် ကိုင်၍ မင်းဆက် ကျောနောက် ဝင်ပုန်းတော့သည်။

"ကိုကိုကလဲ အဲ့လိုမပြောရဘူးလေ ... သူ့မုန့်ဖိုးကို သုံးမယ်ပြောတော့ ဘယ်ကြိုက်မှာလဲ"

"သုံးမှာပဲလေ"

"ဟာဗျာ .. ဂိုဂိုး လာ ဖေကြီးပြောပြမယ်"

အနောက်က သားကို ဖွဖွဆွဲခေါ်တော့ မျက်စိရှေ့မှာ မှုန်သေသေ လာရပ်၏။ ပိုက်ဆံကိုတော့ လက်က လုံးဝ မလွှတ်။

"ဂိုဂိုးမုန့်ဖိုးတွေကို ဖေကြီးက သိမ်းပေးထားမယ်လေ ... သားက လျှောက်သွားနေတော့ တစ်ယောက်ယောက် လုသွားရင် ဘယ်လိုလုပ်မလဲ ဖေကြီးကို အပ်ထားလေ ... ဂိုဂိုး စားချင်တာ လိုချင်တာကို ဖေကြီးက ဝယ်ပေးနေတာပဲ မဟုတ်ဘူးလား"

Swamping with Intimacy (Season2)Donde viven las historias. Descúbrelo ahora