"လူနာတွေကို အခန်းနားမလာခိုင်းနဲ့ဦး"
ဆေးရုံဝန်းထမ်းများအား လိုအပ်မည့်စကားကို မှာကြားခဲ့၍ ထိုအခန်းထဲသို့ သူ လျှင်မြန်စွာ ပြေးဝင်သွားလိုက်သည်။ ပြန့်ကျဲနေသော ဆေးစာအုပ်များ ၊ ခုံကျိုးများနှင့် ပုလင်းကွဲတို့က ထင်ဆန်းနိုင်၏ မြင်ကွင်းထဲ အပြည့်တိုးဝင်လာသည်။
"အား...ကိုကို"
ဒုတ်...ဒုတ်...ဒုတ်....
ထိုအပျက်အစီးများကြားထဲမှ နံရံကို မှီချကာ မာကျောသော အုတ်သားများကို လက်သီးဖြင့် အားကုန်ထိုးနေသော မင်းဆက်ကို မြင်ရသည်။ ပွန်းပဲ့လာသော သူ့လက်ဆစ်မှ သွေးနီနီတို့က နံရံပြင်ပေါ်တွင် စီးကျနေတော့သည်။ ထင်ဆန်းနိုင်ရင်ထဲ မချိမဆန့် ခံစားလိုက်ရသည်။
တံခါးကို ဂျက်ချ၍ လဲနေသော ပစ္စည်းများကြားက မင်းဆက်ဆီသို့ ပြေးသွားကာ ထိုင်ချလိုက်သည်။ ကောင်လေးက သူ့ကိုမမြင်ပါ ၊ ကလေးတစ်ယောက်လိုငိုယို၍ သူ့အသားသူနာကျင်အောင်ပြုလျက် ရင်တွင်းက ဝေဒနာကို ဖြေဖျောက်နေရှာသည်။ လက်ထဲတွင် ကိုင်လာသော ဆေးထိုးအပ်ကို အနီးကုတင်ပေါ် ခဏတင်ထားလိုက်သည်။
ထို့နောက် နံရံပေါ်က မင်းဆက်၏ လက်များကို ဆွဲယူလိုက်သည့်အခါ နီရဲဝိုင်းစက်နေသော မျက်ဝန်းစိုများဖြင့် ထင်ဆန်းနိုင်ကို အထူးအဆန်းသဖွယ်ရှိလာသည်။
"ကိုကိုကျွန်တော့်ကို မုန်းသွားပြီ...အား...ကယ်ကြပါဦး...ကျွန်တော့်ကို..."
ရုန်းကန်လာသော ခန္ဓာကိုယ်ကို ထိန်းမ၍ မင်းဆက်၏ ပုခုံးများကို ဖိကိုင်ထားရသည်။
"ဘာမှမဖြစ်ဘူး...ဘာမှမဖြစ်ဘူး...စိတ်ကိုလျှော့...အသက်ပြင်းပြင်းရှူ..ဆရာ့ကိုကြည့်"
ပါးပြင်ကို ဖိကိုင်၍ မျက်နှာချင်းဆိုင်လိုက်သည့်အခါ ကြောင်စီနေသော မျက်ဝန်းများက ခြောက်ခြားစွာ ဖိတ်ယိုနေသည်။
"ကိုကို...ကိုကို...ကျွန်တော်တောင်းပန်ပါတယ်"
သန်မာဖျတ်လတ်သော လူငယ်တစ်ယောက်ကို ထင်ဆန်းနိုင်လို လူကြီးတစ်ယောက်က ဘယ်လိုမှ ထိန်းမရပါ။ ထင်ဆန်းနိုင်၏ ချူပ်နှောင်မှုမှ အတင်းရုန်းထွက်၍ ထွက်ပြေးမည်ကြံနေသော ကောင်လေးကို အကြမ်းပတမ်း ဆွဲကိုင်ထားရသည်။
YOU ARE READING
Swamping with Intimacy (Season2)
Romance-သိုက်မင်းဆက် နောင်တဆိုတာ မရှိဘူး ကိုကိုဖြစ်နေသရွေ့ ... -ခန့်ဦးရှိန် သိုက်နဲ့ ပတ်သတ်တဲ့ လူတိုင်းကို ငါချစ်နိုင်ပါတယ် ... (I want you to enjoy Season-1 before this>,<)