သားသည် ရှစ်လတွင် အကျအန ထိုင်နိုင်နေပြီ။
ထို့ကြောင့် တစ်အိမ်လုံး၏ ကြမ်းပြင်ကို မွှေးပွ ကော်ဇောအိအိတွေ အပြည့် ခင်းထားရသည်။
ဒေါသအိုးသားသည် ဟိုပစ္စည်းဆွဲ ဒီပစ္စည်းဆွဲ နှင့် စိတ်မထင်ရင် မထင်သလို ကောက်ပေါက်တတ်သေးသည်။
နှုတ်မှတော့ အသံထွက်မလာသေး။
သားကို ဒိုက်ပါလေးနှင့် အဝါရောင် ချည်အင်္ကျီလက်တိုသာ ဝတ်ပေးရပြီး သူ့ဘေး မွှေးပွရုပ်တွေ ချထားပေးရသည်။
သူက အိပ်လျက် တစ်မျိုး ၊ မှောက်လျက် တစ်ဖုံ ၊ ခါတလေ ဇောက်ထိုးထောင်ပြီး မောဟိုက်နေအောင် ဆော့သည်။ အရုပ်ကို ပါးစပ်ထဲ ထည့်ထည့်ကိုက်တတ်သဖြင့် စက်ရုပ်တွေ ကားတွေ ချမပေးရဲသေး။
တစ်ခါက သူ ကြိုက်သည့် ဝက်ဝံရုပ်လေးကို ကိုက်ဆွဲ၍ ပြဲသွားရာ နှမြောပြီး ရှိုက်ကြီးတငင် အော်ငိုသေးသည်။
မည်သို့ဖြစ်စေ သားက အဖော်မမက်ဘဲ သူ့ဟာသူ တစ်ကိုယ်တည်း နေသည်ကို ကျေးဇူးတင်ရပါ၏။
"အား !!! ဂိုဂိုး ဒယ်ဒီ့ကို မကိုက်ရဘူးလေ"
"ဗြဲ ဗြဲ"
မင်းဆက် စာကျက်နေစဉ် သားအဖနှစ်ယောက် တစ်ပွဲတစ်လမ်း နွှဲကြဟန် ရှိသည်။ ထမင်းစားဖို့ ပြောမရ၍ ကိုကိုက သားကို ဆူသည်။ ဆူသဖြင့် သားက ကိုကို့ကို ကုန်းကိုက်သည်။ ဒါကို ကိုကိုက သား၏ ဒိုက်ပါဝတ် ဖင်လေးကို ခပ်ဆတ်ဆတ် ချပြန်သည်။ သို့ဖြစ်၍ သားက ထငိုတော့၏။
"အဲ ကိုကို ဘာဖြစ်တာလဲ ... ဂိုဂိုး ဖေကြီးဆီလာ"
သည်းနေအောင် ငိုသော သားကို သူ ပွေ့ချီသည်အထိ ကိုကိုက လက်သီးတရွယ်ရွယ်။ သားကလည်း သူ့ ဒယ်ဒီအရိုက်ခံရ၍ ဝမ်းနည်းကာ မင်းဆက် ပုခုံးကို ဖက်ပြီး တအား ငိုသည်။
"နှစ်ယောက်လုံး လက်မပါပါနဲ့ ... ပါးစပ်က ပြောကြပါ ... သားကလည်း ဒယ်ဒီ့ကို မကိုက်ရဘူးလေ"
"မင်းသား တအားဆိုးတယ်နော် သိုက် ... လူက လက်တောက်လောက်လေးရှိသေးတယ် ထိန်းလို့ မရဘူး"
"ဗြဲ ... ဗြဲ "
သူ သားကို ကျောလေး ပုတ်ပြီး ချော့လျက် ကိုကို့ကို ဒေါသကိုပါ ဖြန်ဖြေရသည်။ ပြီး ကလေးများလို နှစ်ယောက်ကို လူခွဲထား၍ သားကို အရင် ဖြည့်စွက်စာ ကျွေးရသည်။
YOU ARE READING
Swamping with Intimacy (Season2)
Romance-သိုက်မင်းဆက် နောင်တဆိုတာ မရှိဘူး ကိုကိုဖြစ်နေသရွေ့ ... -ခန့်ဦးရှိန် သိုက်နဲ့ ပတ်သတ်တဲ့ လူတိုင်းကို ငါချစ်နိုင်ပါတယ် ... (I want you to enjoy Season-1 before this>,<)