အပိုင်း-(၂၁)

74.8K 7.9K 1.8K
                                    

ကြွေပြားအဖြူခင်းထားသော ဆေးရုံလျှောက်လမ်းတွင် Sneaker ဖိနပ်ဖြတ်ပြေးသံက ဖရိုဖရဲနိုင်စွာ ကျယ်လောင်နေသည်။

သူ ခွဲစိတ်ခန်းရှေ့အရောက်တွင် မေကြီးနှင့် ညီဖြစ်သူကို တုန်လှုပ်ငိုယိုနေလျက် တွေ့ရသည်။ သူ့ကို မြင်တော့ မေကြီးက အားကိုးရာတစ်ခုကို မြင်သည့်နှယ် ထိုင်နေရာမှ မတ်တပ်ထရပ်လိုက်သော်လည်း အားတို့ ယုတ်လျော့နေခြင်းကြောင့် ယိုင်ခနဲ လဲတော့မလိုဖြစ်သွား၏။

"သားကြီးရယ်...မင်းအဖေကို ကယ်ပါအုံး"

မေကြီးဆီ သွား၍ ပွေ့ဖက်လိုက်သည့်အခါ သူမက သူ့ရင်ခွင်ထဲတွင် ဝမ်းနည်းပင်ပန်းစွာ ငိုရှိုက်နေတော့သည်။ စိတ်မာသော သိုက်မင်းထက်က ပုံပျက်ပန်းပျက်မဟုတ်သော်လည်း မျက်ရည်တို့  ဝေ့ဝိုင်း၍ မင်းဆက်ထံ ကပ်လာ၏။

"ဘယ်လိုဖြစ်တာလဲ?"

"ကားမောင်းနေရင်းနဲ့ သွေးဆောင့်တက်ပြီး သစ်ပင်ကို ဝင်ဆောင့်တာလို့ ပြောတယ် သားရယ် ၊ သွေးတွေကို ရွှဲနစ်နေတာပဲ"

မေကြီးက ပြောရင်း ပြောရင်း လှိုက်တုန်၍ သည်းသည်းထန်ထန် ငိုကြွေးတော့သည်။ သူ မေကြီးကို အားပေးစကားပြော၍ ပွေ့ဖက် နှစ်သိမ့်ရ၏။

မှီတည်ခံရသူဖြစ်သဖြင့် မပြိုလဲအောင် ထိန်းသိမ်းထားသော်လည်း မင်းဆက်ရင်ထဲတွင်  မိသားစုဝင်များထပ်တူ မိုးပြိုနေပြီဖြစ်သည်။

ခေတ္တကြာတော့ ခွဲခန်းထဲမှ ဟန်သွေးက ဝတ်စုံပြည့်ဖြင့် ထွက်လာသည်။ ဒီည တာဝန်ကျတာ ဟန်သွေးဖြစ်ဟန်ရှိပါသည်။ သူ့ကို မြင်တော့ ရုတ်တရက် အံ့သြသွားပြီးမှ အခြေအနေကို သဘောပေါက်တော့သည်။

"အန်ကယ်က သွေးထွက်လွန်နေတယ် ၊ ငါတို့ သွေးလိုတယ် မင်းဆက်"

ဟန်သွေး၏ အဖြူရောင်ဦးထုပ်အောက်က ချွေးပေါက်ချွေးသီးတို့က အချိန်ဘယ်လောက်ကြာအောင် ခွဲစိတ်ထားကြောင်း ခန့်မှန်းလို့ရနေသည်။

"ငါပေးမယ် ၊ ငါနဲ့ ဖေကြီး သွေးတူတူပဲ"

"ဖြစ်ပါ့မလား မင်းခရီးပန်းလာတာကို ၊ မင်းထက်ကရော"

"သူက မေကြီးနဲ့တူတာ ကဲ ငါရပါတယ်ကွာ ၊ မေကြီး ကျွန်တော် လိုက်သွားလိုက်အုံးမယ် တအားစိတ်မပူနဲ့နော် အဆင်ပြေသွားမှာ"

Swamping with Intimacy (Season2)حيث تعيش القصص. اكتشف الآن