"မင်းဆက် .. အပြင်မှာ မင်းနာမည်နဲ့ ပန်းစည်းလာပို့တယ်"
ဟန်သွေး၏ စကားကြောင့် လူနာမှတ်တမ်းရေးနေသော မင်းဆက်၏ လက်တွေ ချော်ချွတ်ကုန်သည်။ သေစမ်း။ သည်နေ့ Valentine day။ မနေ့ညက Night Duty ရှိ၍ မနက်ရောက်လျှင် ကိုကို့အတွက် သွားပို့မည့် Bouquet ကို ညကတည်းက သူ မှာထားခဲ့သည်။ လူနာတွေ ဇယ်ဆက်သလို ရှုပ်နေ၍ အာရုံမရခြင်းသာ။ အချိန်က မနက်ရှစ်နာရီ ဖြစ်၍ ကိုကိုတစ်ယောက် Hotel သို့ သွားနေလောက်ပြီ။
ဂျူတီကုတ် အခံနှင့် မည်မျှပင် သန့်ပြန့်သည်ဆိုစေ ၊ လူနာကြည့်ရန် တစ်နေကုန် ပတ်လျှောက်ထားရ၍ ချွေးက စို့ချင်သည်။ ဘာမျှ ပြင်ပြင်ဆင်ဆင်မရှိသည့်အပြင် ခုနေရာက ခွာရန်ပင် မလွယ်လှ။
"ဟန်သွေး .. ငါ့နေရာလေး ခဏအစားဝင်ပေးထားလို့ရမလား အားတော့နာပါတယ်ကွာ .. ငါ .. ခဏပါပဲ"
"ဟေ .. ကိုခန့်ဦးရှိန်ဆီ သွားမလို့လား .. မင်းတို့ ဖြစ်သွားကြပြီလား"
ချစ်ခွင့်တောင် မပန်ရသေးသည်မို့ ဖြစ်ရန်က လိုပါသေး၏။ ဆက်ကြာလျှင် စကားကြောရှည်နေအုံးမည်မို့ ခေါင်း သွက်သွက်ခါကာ နေရာလွှဲထားခဲ့ပြီး နားနေခန်းထဲ ပြေး၍ သူ ကြိုးစားပမ်းစား လုပ်ထားသည့် ချောကလက်ဘူးကို သွားယူရသည်။ ထို့နောက် ဆေးရုံ ဝန်းထဲက Deli သမားဆီက နှင်းဆီဖြူပန်းစည်းကို ယူကာ ကားထဲဝင်၍ ဟိုတယ်သို့သာ ဒုန်းစိုင်းပြေးရသည်။
••••
"Happy Valentine Day ချစ်သူ"
ဟိုတယ်ထဲ ရောက်လျှင် ရောက်ချင်း Reception မှာ အသင့်စောင့်နေသော အာကာ့ကို အော်၍ နှုတ်ဆက်လိုက်သည်။
"ချောကလက်ကျွေး မောင်"
"မင်းမေလင်ကို ချောကလက် .. ကိုယ့်ဟာကို ဝယ်စား"
အာကာက မျက်နှာကို မဲ့၍ သူ့နောက် ကပ်ပါလာသည်။ မနက်ခင်းအချိန်ဖြစ်၍ Hotel Restaurant တွင် ဧည့်သည်များ ခြေရှုပ်နေကြသည်။ သူတို့ကတော့ Hall ခန်းမ၏ အလယ် ဆိုဖာတွင် အငြိမ့်သား ဝင်ထိုင်လိုက်သည်။
"မင်း သည်နေ့ ဘာအစီအစဉ်ရှိလဲ"
အာကာက မမေးစဖူး အမေးထူးလာ၍ ခန့်ဦးရှိန် မျက်မှောင်ကြုတ်မိသည်။ မန်နေဂျာ လာပြသည့် စာရင်းတို့ကို ငုံ့စစ်ရင်း ..
YOU ARE READING
Swamping with Intimacy (Season2)
Romance-သိုက်မင်းဆက် နောင်တဆိုတာ မရှိဘူး ကိုကိုဖြစ်နေသရွေ့ ... -ခန့်ဦးရှိန် သိုက်နဲ့ ပတ်သတ်တဲ့ လူတိုင်းကို ငါချစ်နိုင်ပါတယ် ... (I want you to enjoy Season-1 before this>,<)