"အွန်း !! "
စက္ကန့်မလပ်တွင် တွန်းခွာခံလိုက်ရသော ပုခုံးပြင်ကြောင့် သူ့ ကိုယ်မှာ နံရံသို့ သွားဆောင့်သည်။
"မင်း ဘာလုပ်တာလဲ !!!"
ခန့်ဦးရှိန်က သူ့ နှုတ်ခမ်းပါးကို လက်ဖြင့် အလန့်တကြား ဖိပွတ်ရင်းက လုယာကို အော်၍ မေးသည်။ ချစ်ရသူ၏ မျက်ဝန်းထက် အံ့သြခြင်းနှင့် စက်ဆုပ်ခြင်းတို့ လွန်ဆွဲနေပြီ ဖြစ်သည်ကို တွေ့ရသော လုယာမှာ အယောင်ယောင် အမှားမှားဖြင့် နောက်သို့ ခြေတစ်လှမ်း ယိုင်နဲ့သွား၏။
"ခွေးမသား!!!"
ခွပ် ...
သူ့အပြုအမူကို မယုံနိုင်ဆဲ ခဏ၌ ကျယ်လောင်သော ကျူးရင့်သံတစ်ခု နားစည်ကို အပြေးကပ်ပြီးနောက် သူ့ ခန္ဓာကိုယ်မှာ လည်ထွက်သွားရ၏။
မျက်နှာပေါ် ပစ်ကျလာသော လက်သီးဆုပ်ပြင်းပြင်းကြောင့် သူ ရပ်တည်ချက်ပျက်ကာ ကြမ်းပြင်ပေါ် ပြိုကျသွားသည်။
ထိုအခါ ထိုသူက သူ့ကိုယ်ထက် တက်ခွကာ မေးရိုးဆီသို့ လက်သီးများကို တရစပ် ထိုးသွင်းလေသည်။
ခန့်ဦးရှိန် တစ်ကိုယ်တည်း တုန်လှုပ်စွာ ရပ်နေမိသည်။ သူ့ နှုတ်ခမ်းဖျားကို ထိကပ်သွားသော လုယာ။ လုယာကို ပြင်းပြင်းထန်ထန် ထိုးနှက်နေသော သိုက်။
မိုးသည်းည၏ ပုစ္ဆာတစ်ပုဒ်ပေလား။
ရုပ် နှင့် နာမ် ပူးကပ်ပြီးသည်နှင့် ဟပြဲဖြစ်နေသော အင်္ကျီကို ပြာပြာသလဲ ပြန်ဝတ်ကာ သိုက်၏ လက်မောင်းကို ဆွဲတားမိသည်။ လုယာ၏ မျက်နှာမှာ စုတ်ပြတ်သတ်ပြီး ပါးစပ်မှ သွေးကြောင်းစီးနေလေပြီ။
"သိုက် ... တော်တော့ ... သေသွားလိမ့်မယ်"
တားမြစ်သော သူ့အသံတွေ တုန်ရီနေခဲ့သည်။
သိုက်က အားရအောင် ထိုးစစ်ဆင်ပြီးမှ ဆတ်ခနဲ ထကာ သူ့ကို အံ့သြတကြီး စိုက်ကြည့်သည်။
အညိုရောင် ဖန်ကြည်လုံးများရှိ မျက်ရည်ပြည့်သော နာကြည်းမှုတွေမှာ တဖိတ်ဖိတ် အရောင်လက်နေ၏။
ဟင့်အင်း။ အဲ့လိုမဟုတ်ဘူး။
"သိုက် ... မဟုတ်ဘူး .. မင်းထင်သလို မဟုတ်ဘူး အ့"
YOU ARE READING
Swamping with Intimacy (Season2)
Romance-သိုက်မင်းဆက် နောင်တဆိုတာ မရှိဘူး ကိုကိုဖြစ်နေသရွေ့ ... -ခန့်ဦးရှိန် သိုက်နဲ့ ပတ်သတ်တဲ့ လူတိုင်းကို ငါချစ်နိုင်ပါတယ် ... (I want you to enjoy Season-1 before this>,<)