မွေးနေ့တွင် ကိုကို့သူငယ်ချင်းများဆိုသော နိုင်ငံခြားပြန်ခရိုနီအကောင်ကြီးကြီးများကို တွေ့ရလေသည်။ Hotel မှာ ကျင်းပသော Dinner ၌ မင်းဆက် အသိတော့ သိပ်မရှိပါ။ အသိဆရာဝန်ဆို၍ ကိုလင်းသာရှိသည်။ ကိုကိုနှင့် ကိုအာကာသည် သူတို့ သူငယ်ချင်းအချို့နှင့် သောက်သောက်စားစားဝိုင်းနေသော်လည်း မင်းဆက်နှင့် ကိုလင်း၏ ဝိုင်းကကျ စကားစမြည်ပြောရုံ ငြိမ်သက်နေသည်။ ပွဲထဲ အဖေရောက်တော့ မင်းဆက်က ပြေးနှုတ်ဆက်ရသေးသည်။ ဂရုပင်မစိုက်သော ကိုကို့ကို အဖေက လာနှုတ်ဆက်မှ စကားရောဖောရောနှင့် ပြန်တုံ့ပြန်သည်။အဖေက လုပ်ငန်းရှင်အချို့နှင့် ဝိုင်းဖွဲ့သွားပြန်သည်။ အဲ နေ့လယ်က ကိစ္စ အဖေ့ကို ပြောရအုံးမည်။ သို့ရာတွင် ကိုကို၏ သဘောတူညီချက်က လိုသေး၏။
ဝီစကီတမြမြနှင့် ထွေနေသော ကိုကိုရှိရာသို့ မင်းဆက် သွားခေါ်လိုက်သည်။
"ကိုကို ... မူးနေပြီလား?"
"ဟင် မမူးပါဘူး ဒီလောက်တော့ အေးဆေး။ ဟေ့ကောင်တွေ ဒါငါ့ရဲ့ ကလေးလေး"
"ကိုကို!"
ရီဝေဝေနှင့် သူ့ဘော်ဒါတွေဆီ လှည့်ကာ ဟောင်ဖွာဟောင်ဖွာ လုပ်သည်ကို မင်းဆက် တားရပြန်သည်။ တကယ်ဆို ပွဲအစတုန်းက " ဒါငါချစ်သူ ဒေါက်တာသိုက်မင်းဆက်"ဟု မိတ်ဆက်ပေးပြီးပါပြီ။ ခုမှ ဘာထဖြစ်လဲမသိ။
ကလေးလေးဆိုတော့ ဆရာသမားတို့က ပြုံးစိစိဖြစ်သွားကြသည်။ ကိုအာကာကလည်း အကြောင်းသိသူပီပီ တဟဟရယ်နေသည်။
"ကိုကို့ကို ဘာပြောမလို့လဲ ? ဘေဘီ အေ့"
လုပ်ပြန်ပြီ။ ဘေဘီတဲ့။
"ညကျမှ ပြောတော့မယ်လေ ကိုကိုမူးနေပြီဆိုတော့"
"မမူးပါဘူးဆို အေ့ ဟေ့ကောင်တွေ ဒါငါ့ရဲ့ Boyfriend ... ဒေါက်တာ သိုက် ... သိုက်ဘယ်သူ"
"သိုက်မင်းဆက် ဟေ့ကောင်"
အပ်ကြောင်းထပ်နေသော မိတ်ဆက်ပေးခြင်းများကြောင့် နာမည်မေ့နေသော ကိုကို့ကို သူ့ဘော်ဒါ ခပ်သန့်သန့်ဘဲကြီးက ဝင်ထောက်သည်။ ကိုကိုတစ်ယောက် အပေါင်းအဖော်များကြားထဲ ဂုဏ်ဆာနေတာကို သဘောကျပေမဲ့ ကိုယ့်ချစ်သူ နာမည် မေ့တာကိုတော့ စိတ်ဆိုးချင်သည်။ သို့ပေသည် Formal suit ကို ကြယ်သီးနှစ်လုံးဖြုတ်ဝတ်ထားပြီး ဆံပင်ကောက်တွေကို သဘာဝအတိုင်းချကာ လူငယ်ဆန်ဆန် ချောမောနေသော ကိုကို့ကို ငေးပြီး ဆိုးစရာ စိတ်က ရှာမရတော့။
YOU ARE READING
Swamping with Intimacy (Season2)
Romance-သိုက်မင်းဆက် နောင်တဆိုတာ မရှိဘူး ကိုကိုဖြစ်နေသရွေ့ ... -ခန့်ဦးရှိန် သိုက်နဲ့ ပတ်သတ်တဲ့ လူတိုင်းကို ငါချစ်နိုင်ပါတယ် ... (I want you to enjoy Season-1 before this>,<)