အပိုင်း-(၆၂)

68K 6.9K 2.2K
                                    

မနက် လေးနာရီတွင် ကျောင်းရှိ သံဃာ အားလုံးသည် အိပ်ရာမှ နိုးထမြဲ ဖြစ်သည်။ ထို့နောက် ကိုယ်လက်သန့်စင် ၊ ဘုရားဝတ်ပြုပြီးသည်နှင့် အာရုံဆွမ်း ဘုဏ်းပေးကြသည်။

"ဦးဇင်းသုစိတ္တ ကို ဆွမ်းကပ်ဖို့ ဒကာကြီး ရောက်နေပါတယ်"

အရွယ်တူ ဦးဇင်း တစ်ပါး၏ အကြောင်းကြားမှုကြောင့် ဉူးသုစိတ္တသည် ဆွမ်းစားဆောင်ကို ဖြတ်၍ ကျောင်းဝန်းထဲသို့ ဆင်းလာခဲ့သည်။

သည်ချိန်ကြီး ဆွမ်းလာကပ်သည့် ဒကာကို ခန့်မှန်းမိသော်လည်း မယုံနိုင်သေး။ ဒကာကြီး ခန့်ဦးရှိန်က ခုလို စောစီးသော အချိန်မှာ အိပ်ရာ ထမည် မဟုတ်။ သူ ရှိသည်မှာ မြို့စွန်က ဘုန်းကြီးကျောင်းဖြစ်သဖြင့် အိမ်ကနေ လာမည် ဆိုပါက အနည်းဆုံး တစ်နာရီ ဝန်းကျင် ကားမောင်းရပေမည်။

ဦးဇင်း၏ ထင်မြင်ချက်က လွဲပါသည်။ ရှပ်အဖြူလက်ရှည်နှင့် အဝါနုရောင် ပုဆိုးကို ချပ်ချပ်ရပ်ရပ် ဝတ်ဆင်ထားသော ဒကာကြီးအား ကျောင်းဝန်းထဲမှာ တွေ့ရသည်။ လက်တွင်း ငါးဆင့်ချိုင့်ကို ဆွဲကိုင်ထားသေး၏။

သူက တည်ငြိမ်သော လေဖြင့် မေးလိုက်သည်။

"ဒကာကြီး ဆွမ်းလာကပ်သလား?"

"တင်ပါ့ ဘုရား"

ဒကာကြီးသည် လက်ထဲမှ ချိုင့်ကို လက်နှစ်ဖက်ဖြင့် ရိုသေစွာ ကမ်းပေးသည်။ သူက ချိုင့်၏ အနားစွန်းကို ဆုပ်ကိုင်ရင်း ဆုပေးလိုက်သည်။

သွင်သွင် တိတ်သော ကျောင်းဝန်း၌ ဦးဇင်း၏ ဆုပေးသံမှာ စမ်းရေအေးပမာ ပျံ့လွင့် အေးမှုန်သွားသည်။ လေသင့်ရာမှ မွှေးလာသော ခရေပန်းနံ့များသည် သူတို့အပါး ဝေ့ဝဲကာ မွှေးရနံ့ ထုတ်အံပေးကြသည်။

ဆုပေးပြီးသည်နှင့် ဒကာကြီးက မြေပြင်၌ ထိုင်ကာ သူ့ကို ဦးချကန်တော့သည်။

"သာဓု သာဓု သာဓု"

ဒကာကြီးသည် မတ်တပ်ထရပ်၍ သူ့ကို ပြုံးလျက် ငေးသည်။ မျက်ဝန်း၌ ကြည်ညိုဓာတ်ကို တွေ့မြင်ရသောအခါ သူ့မှာ အေးချမ်းရပါသည်။

"နောက်နေ့တွေ ဒုက္ခရှာပြီး ဆွမ်းလာမကပ်ပါနဲ့ ဒကာကြီး ... ဦးဇင်း ကျောင်းမှာပဲ ဘုဏ်ပေးပါ့မယ် ၊ နေ့ဆွမ်းအတွက်လဲ ကိုယ့်ဟာကို ဆွမ်းခံကြွပါရစေ "

Swamping with Intimacy (Season2)Where stories live. Discover now