"Patient!!!"
တဝီဝီ မြည်နေသော ambulance သံများမှာ ဆေးရုံအဝင်ဝတွင် ဆူဆူညံညံဆိုက်သည်။ ရှပ်ရှပ်ခြေသံများနှင့်အတူ အဖြူရောင်ပုံရိပ်များသည် နားကြပ်ကိုယ်စီဖြင့် ပြေးလွှားနေကြ၏။ စောစီးသော မနက်အချိန်မှာပင် လူနာများဟူသည် နေရာအနှံ့မှ တဖွားဖွားရှုပ်ထွေးနေကြသည်။
"နားလည်လား ... ခေတ်"
သူသည် ရွှေရောင်ဖောင်တိန်လေးကို Duty coat အိတ်ကပ်ထဲ ပြန်ထိုးထည့်ရင်း တစ်မနက်လုံး ရှင်းပြထားသည့် ဒူးဆစ်ရိုးခွဲစိတ်မှုအကြောင်းကို ဦးတည်မေး၏။
"နားလည်ပြီ...ဆရာ...ခေတ်လဲ ဘယ်သူ့သွားမေးရမလဲ မသိဘူးဖြစ်နေတာ ။ ကျေးဇူးပါ...ဟီး..."
"ရတယ်...နောက်လဲ မသိရင်လာမေး...ခုတော့ ဆရာလဲ လူနာကြည့်လိုက်အုံးမယ်..."
သူမသည် ဖိုင်တွဲကို သေချာပြန်ပေးလာသော ဆရာ့အား ကျေးဇူးတင်စွာ ပြုံးပြ၍ ကျောခိုင်းထွက်လာခဲ့တော့သည်။
ထို့နောက် မှတ်တမ်း ဖိုင်တွဲလေးကို လက်မှာပိုက်ကာ လျှောက်လမ်းတစ်လျှောက် ရွေ့လာရင်း ဆရာ့အကြောင်း အမျှင်မပြတ်နိုင်စွာ တွေးနေမိသည်။ခေတ်သည် တစ်ရက်မှာ နှစ်ဆယ့်လေးနာရီအတွင်း နာရီနှစ်ဆယ်လောက်က ဆရာ့အကြောင်း စဉ်းစားနေတတ်သည်။ ဒါဟာ ဆရာ့ကို အမျိုးသားတစ်ယောက်အနေနှင့် စုံမက်၍တော့မဟုတ် ၊ ကိုယ့်အနီးဆုံးမှာရှိသော Gay တစ်ယောက်ကို မည်သို့မည်ပုံ Supporting ပေးရမလဲ စီမံရသည်မှာ ခေတ်လို နှစ်ချို့ Fujoshi တစ်ယောက်၏ တာဝန်ပင်ဖြစ်သည်။
ခေတ်တို့ဌာနမှ Senior များထဲတွင် စာအတော်ဆုံးဖြစ်သည့် ဆရာက မကြာခင် အထူးကုလဲ ဖြစ်တော့မည်ဖြစ်သည်။ ဘွဲ့ရလျှင် ဆေးရုံကိုပါ အုပ်စိုးမည် ဟူသော သတင်းစများကြားနေရသဖြင့် ခေတ်တို့အားလုံး ရှိန်ကြရသည်။ ဆရာ့အကြောင်းကို စိတ်ဝင်စားကြသော မိန်းကလေးများထဲတွင် အနီးကပ်နေရသော ခေတ်တို့အဖွဲ့က နှာတစ်ဖျားပိုသာနေ၏။
မိန်းကလေးတို့၏ စပ်စုမှုဒီဂရီအတိုင်း ဆရာရှိသော ဆေးရုံကို တာဝန်မကျခင်ကတည်းက ဆရာ့ရဲ့ ကိုယ်ရေးရာဇဝင်နှင့် Fb acc ဘာညာ အကုန်မွှေထားပြီးခြင်းလည်း အဆစ်ပါမည်။
YOU ARE READING
Swamping with Intimacy (Season2)
Romance-သိုက်မင်းဆက် နောင်တဆိုတာ မရှိဘူး ကိုကိုဖြစ်နေသရွေ့ ... -ခန့်ဦးရှိန် သိုက်နဲ့ ပတ်သတ်တဲ့ လူတိုင်းကို ငါချစ်နိုင်ပါတယ် ... (I want you to enjoy Season-1 before this>,<)