"ဘာဆော့ဦးမလဲ ဂိုဂိုး"
သားက သူ့လက်မှာ ခုန်ပေါက်၍ နေသည်။ သည်ကောင်လေးဟာ ဆော့ရမည် ကစားရမည် ဆိုလျှင် အင်မတန် ရွှင်တတ်သေး၏။
"တျဲ တျဲ တျဲရထား ချီးမာ"
"ဟင်"
သားက သရဲရထား ရှိရာသို့ ကိုယ်ကို ကော့လန်ထိုးနေသည့်အခါ သူက မရည်ရွယ်ပါဘဲ ကိုကို့ကို ကြည့်မိသွားသည်။ ကိုကို့အကြည့်ကလည်း သူ့ မျက်နှာမှာ ရှိနေသည်။
"တခြားဟာစီးလေ သားရဲ့ ... သား ဖေကြီးက "
"ရတယ် .. စီးမယ်"
ကိုကို ပြောသည်ကို သူ ဝင်ဖြတ်ပြီး သားကို ချီကာ ထိုနေရာသို့ လှမ်းခဲ့သည်။ အဖေဖြစ်ပြီး သားရှေ့မှာ သရဲ ကြောက်တယ် ပြောရမည်က ရှက်ဖွယ် ကောင်းသည်ကို ကိုကို မသိရော့သလား။
ရထားအသေးလေးက အလယ်တွဲ တစ်တွဲမှာ သူတို့ ဝင်ထိုင်လိုက်ကြသည်။ သိုက်၏ နှစ်ဆယ့်လေးနှစ်ပြည့် မွေးနေ့တုန်းကလည်း သူတို့ ဒီကို လာဖူးသည်။ ထိုစဉ်က ချစ်သူဘဝ။ သည်တစ်ခါတော့ မိသားစုဘဝပေါ့။
ရထားမှာ အမှောင်ထုထဲသို့ ဖြည်းညှင်းစွာ ဝင်သွား၏။ သိုက်၏ ကျောပြင်က မတ်ခနဲ ဖြစ်သွားသည်။ တစ်ဆက်တည်း သိုက်သည် သူတို့ကြားမှ သားကို မြဲမြံအောင် ညှစ်ကိုင်ထား၏။
သူက ရယ်ချင်ပက်ကျိ ဖြစ်ကာ သားကို ပေါင်ပေါ် ပွေ့တင်၍ သိုက်နား တိုးကပ်လိုက်သည်။
အနုမြူရောင်ဖြင့် ခြယ်မှုန်းထားသော သရဲပုံသွင်များက နံရံ အနှံ့မှာ ပြည့်နေသည်။ သိုက်က မျက်လုံးကို တင်းတင်း မှိတ်ထားသည်ကို အမှောင်ပါးပါးထဲ မြင်နေရသည်။
သူက သိုက်၏ ပုခုံးကို လက်ဖြင့် ပွေ့ဖက်လိုက်သည်။ သိုက်က လျင်စွာ ရုန်းမည် ပြုသည်။
"ကိုကိုရှိတယ် သိုက် ... မကြောက်နဲ့"
သူ့ လေသံက သိုက်၏ နားဖျားကို ဖြတ်၍ ဝင်သွားသည်။ ရုန်းကန်မရအောင် လက်မောင်းဖြင့် ချုပ်ကိုင် ထွေးပွေ့သည့်အခါ သိုက်၏ ကိုယ်က သူ့ဖက် ယိုင်လာသည်။
ပေါင်ပေါ်က ဆရာကြီးကတော့ အိပ်ပင်ပျော်နေပြီလားမသိ။ ရထား စစီးကတည်းက အသံကို မထွက်တော့။
YOU ARE READING
Swamping with Intimacy (Season2)
Romance-သိုက်မင်းဆက် နောင်တဆိုတာ မရှိဘူး ကိုကိုဖြစ်နေသရွေ့ ... -ခန့်ဦးရှိန် သိုက်နဲ့ ပတ်သတ်တဲ့ လူတိုင်းကို ငါချစ်နိုင်ပါတယ် ... (I want you to enjoy Season-1 before this>,<)