အပိုင်း-(၁၆)

74.6K 7.6K 1.1K
                                    

"မင်းဆက်...မန္တလေးက မင်းဆေးရုံအုပ်ဖုန်းဆက်တယ်။ ဆရာကိုင်တော့ ကျသွားလို့"

သူလူနာကြည့်နေသည့်နားသို့ ဆရာက ခပ်တိုးတိုးကပ်ပြောလာသည်။ လူနာကို သွေးခုန်နှုန်းစမ်းနေရင်းမှ

"ဟုတ်ကဲ့ဆရာ ။ ကျွန်တော် ပြန်ဆက်လိုက်မယ်ဗျ..."

ထိုအခါ ဆရာက ခေါင်းငြိမ့်ပြ၍ သူကြည့်နေကျ လူနာကုတင်သို့သွားသည်။ မင်းဆက်အတွေးထဲ ဆေးရုံအုပ်ဘာကြောင့် ဖုန်းဆက်သလဲ စိတ်မဝင်စား ၊ ခဏနေ ဇာတ်ပွဲသွားပြီး ကိုကိုနဲ့တွေ့ဖို့ပဲ စိတ်လှုပ်ရှားနေသည်။ ထို့ကြောင့် ယနေ့ည ကြည့်စရာလူနာများကို ခပ်သွက်သွက်ဖြတ်နေရသည်။ သေချာပေါက် သွားမည်ဟု ဆုံးဖြတ်ထားသော်လည်း နောက်ပါးဆီမှ ပစ္စည်းပြုတ်ကျသံများနှင့် သူနာပြု၏အော်သံကြောင့် အတွေးစက ဖြုန်းခနဲပြတ်သွားသည်။ လူနာတွေများ တစ်ခုခုဖြစ်သလား အလန့်တကြား လှည့်ကြည့်မိသော်...

"ဆရာ!!"

ကြမ်းပြင်ပေါ် လဲကျနေသော အဖြူရောင်ပုံရိပ်ဘေး ဆေးတွန်းလှည်းများပါ ပြုတ်ကျနေသည်။ ဆရာ့ဆီ အမြန်ပြေးသွား၍ လက်မောင်းပေါ် ပွေ့တင်လိုက်ရာ သတိရတစ်ချက် ၊ မရတစ်ချက်ဖြစ်နေပုံက မင်းဆက်ကို ခြေမကိုင်မိ ၊ လက်မကိုင်မိ ဖြစ်စေသည်။ လက်ကောက်ဝတ်ကို စမ်းသပ်ကြည့်တော့ ပေါက်ထွက်မတတ်ခုန်ပေါက်နေသော သွေးကြောတို့က အပြင်သို့ ဖောက်ထွက်လာတော့မည်ဟုထင်ရသည်အထိ။

"ဆရာ...ဆရာ....သတိထားပါအုံး။"

ဖြူဖျော့နေသော မျက်နှာကိုအတွင်တွင်ခါ၍ ဆရာရဲ့ အသိစိတ်က ပစ္စုပ္ပန်နှင့် အဆက်အသွယ်ပြတ်တောက်သွားသည်။

"ဆရာမ...သွေးကျဆေးပြင်ခဲ့"

လူကြီးတစ်ယောက်ရဲ့ အလေးချိန်က မင်းဆက်လက်ထဲ ခပ်ပေါ့ပေါ့ပါလာတာ အံ့သြစရာပဲ။ အမြဲတမ်း ကြံ့ခိုင်သွက်လက်နေတဲ့သူကို ဒီလိုအခြေအနေထိရောက်ဖို့ ဘယ်အရာတွေကများ တွန်းအားပေးခဲ့တာလဲ အဖြေကို မင်းဆက် ဆက်မတွေးချင်တော့။ ဆရာဝန် တဖြစ်လဲ လူနာကို ကုတင်ပေါ်တင်၍သာ ကုသစရာရှိတာကို ဆောင်ရွက်ရတော့သည်။

____________________________

"ဆရာ...လက်ဖက်လေးစားပါအုံး..."

Swamping with Intimacy (Season2)Where stories live. Discover now