အပိုင်း-(၄၀)

68K 6.4K 943
                                    

လက်ထဲက ဝါကျင့်ကျင့်စာရွက်သားမှာ ဟောင်းနွမ်း၍နေသည်။ မမ၏ လက်ရေးကတော့ ပီသ ပြတ်သားနေဆဲ။

ဆရာဝန်ဖြစ်သော မမသည် ဆရာဝန်အများစုနှင့် ခြားနားစွာ လှလှပပ သေသေသပ်သပ် စာရေးတတ်သည်။

သူ စာကို ဖတ်ကြည့်လိုက်သည်။

နိုင် ...

မမရဲ့နိုင်။ နိုင် ဘယ်ကို ရောက်နေသလဲ။
ဘာတွေများ လုပ်နေသလဲ။

မမမရှိဘဲ နိုင် အသားကျနေရဲ့လား။
မမတော့ အသားမကျဘူး မောင်လေးရယ်။

နေ့စဉ် နေ့တိုင်း နိုင့်ကို လွမ်းတယ်။
နိုင့် အသံလေးတွေ ကြားယောင်မိတယ်။

နိုင် မမကို စိတ်ဆိုးလို့ ခုလို ထွက်သွားရတာလားဟင်။ ခွဲခွာမှုအတွက် အကြောင်းပြချက် မရှိလို့ စဉ်းစားရခက်နေတဲ့ မမလေ တဖြည်းဖြည်းနဲ့ နိုင့် ရည်ရွယ်ချက်ကို သိလာသလိုပဲ။

နိုင် ပြန်စဉ်းစားကြည့်စမ်း။
ငယ်ငယ်က မမအရုပ်လေးတွေ နိုင်လိုချင်တိုင်း မမပေးခဲ့တာပဲ မဟုတ်လား။ ကြည်ကြည်ဖြူဖြူပါ နိုင်။ ကြည်ကြည်ဖြူဖြူကို ပေးခဲ့ပါတယ်။

ဒါကို နိုင်သိရက်နဲ့ ဘာလို့များ ...

ဘာလို့များ နိုင်ရယ် ....

ကိုဆေးနဲ့ ကျွန်တော် မေတ္တာမျှနေပါပြီ မမ ဆိုပြီးတောင် တစ်ခွန်းမှ မဟခဲ့ရသလဲ။

နိုင်လိုချင်ရင် မမနောက်ဆုတ်ပေးမှာပေါ့။
ခုလဲ မလွန်သေးပါဘူး နိုင်။

နိုင်သာ ပြန်လာမယ်ဆိုရင် မမဖက်က ဘာပဲပေးရ ပေးရ။ မမသိက္ခာ နဲ့ သမီးလေးမျက်နှာကိုလဲ မမ ငဲ့နိုင်မှာ မဟုတ်ဘူး။

သမီးလေး ဟုတ်တယ်။

နိုင့်မှာ တူမလေးရနေပြီ သိလား။

နာမည်က ဆေးခေတ်လွှာတဲ့။
ခု အပျိုကြီးတောင် ဖြစ်နေပြီ။

သမီးလေးက သိပ်ချစ်ဖို့ကောင်းတာပဲ။

နိုင်နဲ့လဲ တူတယ်။

Swamping with Intimacy (Season2)Where stories live. Discover now