အပိုင်း-(၅)

70.1K 8.2K 1.6K
                                    

"ကလေး....ကလေး!"

သောင်ပြင်စိုတွင် နေရာချကာ ပါးကို ပုတ်၍ လှုပ်နိုးသော်လည်း မေ့လျော့နေဆဲ ကလေးကြောင့် မင်းဆက် ထိတ်ထိတ်ပြာပြာဖြစ်သွားရသည်။ အနီးတဝှိုက်ရှိ သူ့သူငယ်ချင်းကလေးများကတော့ ရွာက မိဘများကို ပြေး၍ သွားခေါ်ကြသည်။ ခပ်လှမ်းလှမ်းမှ ဝိုင်းအုံလာသော လူအုပ်က တိုးကြိတ်တိုးကြိတ်ဖြင့် တစ်ခုခုကူညီချင်နေကြသလိုရှိသည်။

ရင်ဘတ်အား မျက်နှာအပ်၍ သုံးသပ်ကြည့်ခါမှ တရွေ့တရွေ့နှေးသွားသော နှလုံးခုန်သံ...။ ရေနစ်တဲ့ကာလက မကြာသော်လည်း ကလေးသည် သူ့ခန္ဓာအလေးချိန်ကို မထိန်းနိုင်၍ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပုံရသည်။ လူနာကို သက်တောင့်သက်တာ ဖြစ်စေကာ အရေးပေါ်ကယ်ဆယ်နည်း CPR ကို စတင်ရတော့သည်။

တစ်ကိုယ်လုံးရေတွေရွှဲရွှဲစိုနေလျက် သတိမေ့နေသော ဝလုံးကို အသည်းအသန်ကယ်ဆယ်နေသော ဤအမျိုးသားကို သစ်တောရပ်ကြည့်နေမိသည်။ ဒီကောင်လေး ကုသနေပုံကို သူ အတိအကျကို ရင်းနှီးနေသည်။ ဇီးထုပ်ကို ဆုပ်ကိုင်ထားသော လက်ချောင်းများတုန်ခိုက်လာမှုသည် မြန်ဆန်စွာ ပြင်းထန်လှသော နှလုံးသားစည်းချက်များကို မမှီပါ။ ထိုကောင်လေးအနားပြေးသွား၍ ကူညီပေးချင်သော်လည်း သစ်တော နေရာမှ ရွေ့မရ။ မြေကြီးနှင့် ခြေဖဝါးများက ကော်နှင့်ကပ်ထားသလို စေးနေသည်။ ထို့ပြင် ဝလုံးကို စိတ်ပူ၍ ထင်ပါ၏ ၊ သစ်တော စိတ်လှုပ်ရှားပြီး ရင်ခုန်နေခဲ့သည်။

ခေတ္တအကြာ ဝလုံးပါးစပ်ထဲမှ ရေမှုန်စများပန်းထွက်လာပြီး သတိဝင်လာတာမြင်မှ သစ်တော ဟင်း ချနိုင်သည်။ အိမ်က ထွက်လာတာလည်းကြာပြီမို့ လုယာစိတ်ပူနေမည်စိုးသဖြင့် ဇီးထုပ်စားလျက်သာ ရွာဖက်လှည့်ပြန်တော့၏။

"အဟွတ်...ဟွတ်...."

ကလေးငယ်ပါးစပ်တွင်းက အန်ကျလာသော ရေညစ်များကုန်စင်သွားသည်ကို စစ်ဆေးပြီးတွင် နွမ်းနယ်နေသောကိုယ်ကို မြေကြီးပေါ်သို့ ပစ်လှဲချမိတော့သည်။ အသက်ကယ်ဖို့အရေး သူ့ထက်ကိုယ်က စိတ်စောနေသည်မို့ ယခုတွင် အသက်ကိုလုရှူနေရသည်။

"သားလေး.....ဝလုံး...."

ပူပန်ကြောင့်ကြစွာဖြင့် ကလေးငယ်နံဘေးသို့ ပြေးလာသော အန်တီကြီးက သူ့အမေဖြစ်ဟန်တူသည်။ စုဝေးနေသော လူစုက တဖြည်းဖြည်းရှဲလို့သွား၏။ ချောင်းတဟွတ်ဟွတ်ဆိုးနေသော ကောင်လေးကို ရင်ခွင်ထဲပွေ့လျက် အန်တီကြီးက သူ့ထံလှည့်ကာ....

Swamping with Intimacy (Season2)Where stories live. Discover now