အပိုင်း-(၂၃)

84.1K 8K 1K
                                    

"မန္တလေး ပြန်လိုက်ချင်ပြီလား သစ်တော"

ကွပ်ပျစ်ပေါ်မှ ရေနွေးကြမ်းခွက်ကလေးသည် အငွေ့တလူလူ ထနေသည်။

သူ့ကို ငေး၍ စကားသံလေးလေးဖြင့် မေးသော သူကြီးကို မြင်ရတော့ ခန့်ဦးရှိန် ရင်ထဲ မချိလှပါ။ ဒီရွာကို ရောက်စကတည်းက သူကြီးသည် လုယာပြီးလျှင် သူ့အပေါ် နားလည်ခွင့်လွှတ်နိုင်ဆုံး လူဖြစ်လေသည်။ သူဆိုးသွမ်းသမျှ ပြဿနာအားလုံးကို ဒိုင်ခံဖြေရှင်းပေးသည့် ဖခင်ဆိုလဲ မမှား။ ခု သူသတိရ၍ မန္တလေးပြန်ချင်ပြီဆိုတော့ သူကြီးမှာ သံယောဇဉ်အမျှင်တန်းနေလျက်ရှိသည်။

"မပြန်သေးပါဘူး သူကြီးရဲ့ ၊ ကျွန်တော်တို့ နှစ်ပတ်လောက်နေအုံးမှာ"

ပါးစပ်မှ လွှတ်ကနဲ ပြောပြီးကာမှ သိုက်ကို အားနာပါးနာစောင်းကြည့်မိသည်။ သိုက်က သူထင်ထားသလိုမဟုတ်ဘဲ သွားလေးစိ၍ ပြုံးပြလာသောကြောင့် သူ့အကြံကို လက်ခံနိုင်ပါ့မလား စိုးရိမ်စိတ်ကလေးက လွင့်စင်သွားခဲ့၏။

"ကျွန်တော်တို့ ပြန်သွားရင် မန္တလေးကို လာလည်ကြပါအုံးဗျာ..."

သိုက်က သူကြီးချပေးထားတဲ့ ရေနွေးကြမ်းကို မော့သောက်၍ လူကြီးအားလုံးကို ထောပနာပြုဆိုသည်။

"မသွားခင်လေးတော့ လုယာရဲ့အိမ်မှာပဲ နေစေချင်တယ်ကွယ် ... "

သူကြီး၏ လေးပင်သော စကားတွင် ကိုကိုက မင်းဆက်ကို ထပ်မံကြည့်၍လာသည်။ သူကြီးဆိုချင်တဲ့သဘောကလည်း ကိုကို့အပေါ်ထားသည့် လုယာ၏ သံယောဇဉ်ကို ငဲ့ကွက်သည့် ပုံစံ ဖြစ်ပါလေ၏။

"ကိုကို နေချင်လားဟင် ၊ တစ်ခါတစ်လေမှ ကျွန်တော့်ဆီ လာပေါ့"

ကိုကိုက သူ့အရိပ်အခြည်ကို ကြည့်နေသဖြင့် ခွင့်ပြုကြောင်း သိစေလိုက်သည်။

"အေး အဲ့လိုပဲ လုပ်မယ်"

သူ ကိုကို့ဆုံးဖြတ်ချက်ကို လေးစားရမည်ဖြစ်သည်။ ကိုကိုက လုယာ ကို ညီငယ်လေးတစ်ယောက်လို သဘောထားကြောင်း နှင့် လုယာက ကိုကို၏ ကျေးဇူးရှင်ဖြစ်သည့်အကြောင်းကို သူတစ်ချက် လွတ်သွားခဲ့တာ ခုမှ သတိထားမိ၏။

Swamping with Intimacy (Season2)Where stories live. Discover now