ခပ်ဟောင်းဟောင်းရှိသော Album ချပ်များတွင် သူ့လက်ချောင်းတို့က တစ်လှည့်စီ ကူးခတ်နေကြသည်။ ဓာတ်ပုံအများစုမှာ ဆုပေးပွဲက ဆုတက်ယူနေသော ကလေးလေးတစ်ယောက်၏ပုံဖြစ်ချေသည်။ တချို့ပုံများတွင် ဖြူသော အသားအရည်နှင့် ရှည်သော အရပ်ရှိသည့် ကောင်လေးငယ်ဟာ ချစ်ဖို့ကောင်းစွာ ပြုံးရယ်နေသည်။ ပေါက်စအရွယ်က သူ့ပေါင်ပေါ်တွင် ပွေ့တင်ထားလျက်တစ်ဖန် ၊ သူ့ပုခုံးပေါ် မချီထားလျက် တစ်ဖုံဖြင့် ရှိသော ပုံကားချပ်လေးများကို ဦးသိုက်ညွှန့်တစ်ယောက် တယုတယ ထိကိုင်နေရင်း ခပ်ပြုံးပြုံးရှိလေသည်။
"သားကြီးက ချစ်ဖို့ကောင်းလိုက်တာ..."
ဆယ်တန်းပြီးစဉ်က ငါးဘာသာဂုဏ်ထူးပါသဖြင့် ကျောင်းနှင့်မြို့နယ်က ပေးသော ဆုတံဆိပ်များကို ကိုင်ဆောင်၍ သူတို့မိဘနှစ်ပါးကြား ရပ်ကာ ပြုံးနေသော သိုက်မင်းဆက်သည် ယခုအသက်အရွယ်ကဲ့သို့ နုနယ်ချောမောနေသည်။
ဒေါက်....ဒေါက်
"ဖေကြီး သားဝင်လာခဲ့မယ်နော်"
စာကြည့်ခန်း တံခါးချပ်က ပွင့်သွားပြီးလျှင် သိုက်မင်းထက်က နွားနို့ခွက်ကို ကိုင်၍ သူ့ထိုင်နေရာသို့ လျှောက်လာသည်။ ကိုယ့်ကို ပစ်ထားခဲ့သည့် သားဖြစ်သူကို လွမ်းဆွတ်နေသည်က မာနထိခိုက်သည်ဟု ယူဆမိသော်လည်း မင်းထက်နှင့်တော့ သားအဖချင်းမို့ အထူးတလည်ရှက်မနေဘဲ Album ကို ကပျာကယာ သိမ်းခြင်းမပြုလိုက်။ မင်းထက်က စားပွဲပေါ် နွားနို့တင်ရင်း တစ်ဆက်တည်း သူကိုင်ထားသော အရာကိုပါ ငုံ့ကြည့်သည်။ သိုက်မင်းထက်သည် ကလေးပီပီ ခံစားချက်ကို မထိန်းတတ်စွာဖြင့် မျက်နှာတွင် ဖြတ်သွားသော ဝမ်းနည်းရိပ်တို့ကို ဖခင်အား သိစေလိုက်သည်။
"ကိုကြီးကို လွမ်းနေတာလားဟင်?"
လက်ဖွေးဖွေးလေးတစ်ဖက်က ဦးသိုက်ညွှန့်၏ ပုခုံးကို ဆုပ်ကိုင်လာသည်။
"မင်းကိုကြီးကတော့ ဖေကြီးတို့ကို လွမ်းမယ်မထင်ပါဘူး"
"ကိုကြီးက ဖေကြီးကို သိပ်ချစ်ပါတယ်။ ဒါကို ကျွန်တော် ကောင်းကောင်းသိတယ်။ ကိုကြီးကို စိတ်မဆိုးပါနဲ့နော် သူကကျန်းမာရေးမကောင်းလို့ပါ"
BẠN ĐANG ĐỌC
Swamping with Intimacy (Season2)
Lãng mạn-သိုက်မင်းဆက် နောင်တဆိုတာ မရှိဘူး ကိုကိုဖြစ်နေသရွေ့ ... -ခန့်ဦးရှိန် သိုက်နဲ့ ပတ်သတ်တဲ့ လူတိုင်းကို ငါချစ်နိုင်ပါတယ် ... (I want you to enjoy Season-1 before this>,<)