"ဟိုရောက်ရင် သူငယ်ချင်းတွေနဲ့ သေချာ ဆော့ရမယ်နော် ဘေဘီ"
ကားစတိုင်ယာတိုင်ကို ကိုင်မောင်းရင်း ခန့်ဦးရှိန်က ဂိုဂိုးဖက်သို့ လှည့်၍ ပြောသည်။ ဂိုးခန့်ဆက်ရှိန်က အီလည်လည် မျက်နှာထားနှင့် စိတ်ကသိကအောက် ဖြစ်နေရှာသည်။ ဖြစ်မပေါ့။
သည်နေ့ဟာ သားကို မူကြိုပို့ရသည့် နေ့ပင်။ သားနှင့် မခွဲလိုသည့် ခန့်ဦးရှိန်မှာ သည်ကောင်လေး လေးနှစ်ပြည့်ရန် မမျှော်မှန်းရဲခဲ့။ ပြည့်မည့်ပြည့်တော့လည်း ချက်ချင်းပါကလား။
အိမ်က အထွက်မှာ ပြိုတော့မည့် မိုးလို ဖြစ်နေသည့် သူ့မျက်နှာကို ကြိုတင်တွက်ဆထားသည့်အတိုင်း ..
"အချိန်တန်မှတော့ မူကြိုပို့ရမှာပေါ့ ကိုကိုရဲ့ .. သားက မသွားချင်ပါဘူးဆို ကိုကိုကပါ အလိုတူအလိုပါ လုပ်မနေနဲ့" ဟု ဖုန်းလှိုင်းထဲမှ တစ်ဆင့် သိုက်က ဆူပူသည်။ သူ့ ဆေးရုံချိန်ဖြစ်၍ ခန့်ဦးရှိန်တစ်ယောက်သာ လိုက်ပို့ရသည်ကို တခြားကလေးတွေကြား သားမျက်နှာငယ်မည်ဟု ပြောလျှင်
"ဟောဗျာ .. နှစ်ယောက်လုံး လိုက်ပို့မှ သားကို ခွာမရဘဲ ဖြစ်နေလိမ့်မယ် .. သူ ကျင့်သားရသွားတဲ့အချိန်ကျ အားရင် အားသလို ကျွန်တော်တို့ လိုက်ပို့မှာပေါ့" တဲ့။
"ဂိုး တဂယ်တွားရမာယား ဒယ်ဒီ"
အရေးထဲ မောင်ဂိုဂိုးက သူ့လက်မောင်းဘေးသို့ လာကပ်၍ မျက်နှာငယ်လုပ်သည်။ ဖအေက စိတ်မပြတ်နိုင်သည်ကို သိ၍ တမင်ချွဲနေသည်။
"သွားရမှာပေါ့ လေးနာရီကျ ဒယ်ဒီလာခေါ်မှာပဲ"
"တွားချင်ဝူး .. အိမ်မာပဲ နေချင်တယ်"
"အိမ်မှာပဲ အမြဲနေချင်လို့ရမလား .. မူကြိုပြီးရင် သူငယ်တန်းထပ်တက်ရတယ် .. အဲ့သည်လို တစ်ဆင့်ပြီး တစ်ဆင့်နဲ့ တစ်သက်လုံး ပညာသင်သွားရမှာ ... ပညာမသင်ရင် သားဖြစ်ချင်တဲ့ ဆရာဝန်ကြီးလဲ မဖြစ်ရတော့ဘူး"
သူ နည်းနည်းလေသံမာပေးတော့ သားက ဆူပွပွ ငြိမ်ကျသွားသည်။ စိတ်ထိန်းစမ်း ခန့်ဦးရှိန်။ တစ်နာရီလောက်လေးပဲ အပင်ပန်းခံရမှာ။ သည်ကောင်လေးကို မူကြိုဆရာမနဲ့ အပ်ပြီး လှည့်ပြန်ခဲ့ရုံပဲ။
YOU ARE READING
Swamping with Intimacy (Season2)
Romance-သိုက်မင်းဆက် နောင်တဆိုတာ မရှိဘူး ကိုကိုဖြစ်နေသရွေ့ ... -ခန့်ဦးရှိန် သိုက်နဲ့ ပတ်သတ်တဲ့ လူတိုင်းကို ငါချစ်နိုင်ပါတယ် ... (I want you to enjoy Season-1 before this>,<)