အပိုင်း-(၄၃)

70.6K 6.7K 801
                                    

"မင်းဆက်ရေ မင်းဆက်"

ဧည့်ခန်းထဲသို့ တဆာဆာခေါ်ရင်း ဝင်လာသော ကိုအာကာကြောင့် မင်းဆက် အလိုလို ထရပ်မိသွားသည်။ ဒါ ကိုကို့ကို လာချော့တာပဲ ဖြစ်မည်။ ကိုအာကာက ဧည့်ခန်းထဲက သူ့ကို မြင်ပြီး ပြုံးပြ၏။

"ဟို ... ကိုကို့ဆီ လာတာလား အကို"

"ဟုတ်တယ် အဲ့ဖာခေါင်းရှိလား?"

"ရှိတယ်ဗျ အခန်းထဲမှာ ဝင်သွားလိုက်နော် ... ကျွန်တော် ဒေါ်လှကို ကော်ဖီပို့ခိုင်းလိုက်မယ်"

ကိုအာကာက ခေါင်းငြိမ့်ပြကာ ကားသော့တရမ်းရမ်းနှင့် အပေါ်တက်သွားသည်။ ဒေါ်မြကို ကော်ဖီဖျော်ခိုင်းပြီး ကျက်လက်စ စာကို အပြီးသတ်လိုက်ရင်းက သူ ပြုံးမိသည်။ ကိုကိုက မနက်စာကို အခန်းထဲ ယူစားကာ တစ်နေကုန် အပြင်မထွက်။ သူ့ သူငယ်ချင်းနှင့် ရန်ဖြစ်ထား၍ စိတ်ညစ်နေသည် ထင်၏။

••••

လွန်းအာကာ အခန်းထဲ ဝင်သွားချိန် ကုတင်ပေါ်၌ စောင်ခေါင်းမြီးခြုံထားသော ခန့်ဦးရှိန်ကို တွေ့ရသည်။ သူ ကုတင်ဘေးဝင်ထိုင်သည်အထိ ခန့်ဦးရှိန် မသိသေး။

"ခန့် "

တစ်ချက် တွန့်သွားသည်။ သို့သော် မဖြေ။

"ခန့်လို့"

စောင်လုံးကို သူ ဆွဲဖယ်လိုက်ရ၏။ ပေါ်လာသော ခန့်ဦးရှိန်က ခေါင်းအုံးထဲ မျက်နှာကို အပ်ပစ်သည်။ သူ့ကို မတွေ့ချင်ဘူး ဆိုသည့် သဘော။

"မင်းတောင် ကလေးအဖေဖြစ်တော့မှာပဲ"

သူက ဆွေးဆွေးမြည့်မြည့် ဆိုမိသည်။

"ကလေးက အချစ်ခံလေးဖြစ်မှာပဲ ... မင်းတို့နှစ်ယောက်ရဲ့ ကလေးဆိုတော့ ငါနဲ့ အကို့ရဲ့ ကလေးပဲပေါ့ ... ကလေးယူတာလည်း ကောင်းပါတယ် မင်းတို့ရဲ့ အမွေဆက်ခံသူ ရှိသွားတာပေါ့ ... မင်းတို့ငါတို့မရှိတော့ရင် စည်းစိမ်တွေ သူစိမ်းလက်ထဲ မရောက်တော့ဘူး"

ခန့်ဦးရှိန်၏ ခေါင်းက သူ့ထံ လှည့်လာသည်။ မျက်နှာမှာ ဝမ်းနည်းခြင်းတွေ အပြည့်။

"ငါတောင်းပန်ပါတယ် ခန့် ... ငါက မင်းအတွက် ပြော"

"ဟင့်"

Swamping with Intimacy (Season2)Where stories live. Discover now