"အစ်ကို၊ ကျွန်တော့်ကိုစူးကျိုးသွားမယ့်လက်မှတ်၀ယ်ပေးပါလား"
"ရှောင်းကျန့်!"
မန်နေဂျာကြီးလှည့်ကြည့်တော့ရှောင်းယုန်ပေါက်၏သနားစဖွယ်မျက်လုံးများမှာတဖျက်ဖျက်ဖြစ်နေသည်။
"ဟင်း..."
သူများတွေချစ်ခြင်းကိုမတားဆီးကောင်းပါဘူးလေ...
"မင်းမနက်ဖြန်ညနေတော့အရောက်ပြန်လာရမယ်နော်"
"ဟုတ် အစ်ကို၊ ဟီး"
ရှောင်းကျန့်သွားကြီးကြီးလေးများအားလုံးပေါ်အောင်မန်နေဂျာကိုကျေးဇူးတင်စွာရယ်ပြပြီး ဖုန်းလေးကိုဖွင့်လျက်စာလေးတစ်စောင်ပို့လိုက်သည်။
*ရီပေါ်၊ ပြီးရင်ဟိုတယ်ကိုမပြန်နဲ့ဦးနော်၊ ကောလာခဲ့မယ်
ပုံမှန်ဆိုအခန်းသော့လာဘ်ထိုးတောင်းပြီး ၀က်ပေါက်လေးရင်ခွင်ထဲတိတ်တိတ်လေး၀င်အိပ်နေမှာဆိုပေမယ့် အခုကယွဲ့ဟွာကလူတွေပါရှိသည့်နေရာဆိုတော့အဆင်မပြေ။ လွတ်လွတ်လပ်လပ်အခြားနေရာကိုသာ အခန်းဘွတ်ကင်ချိတ်လိုက်တော့သည်။
--------------------------------------
"ရီပေါ်၊ စားပွဲလိုက်မှာမို့လား"
စင်ပေါ်ကဆင်းလာပြီးအားလုံးဟိုတယ်ပြန်ဖို့ပြင်တော့ ချန်ရှောင်းကရီပေါ်ကိုလှမ်းမေးသည်။ ပွဲအပြီးစားသောက်ဆိုင်ကောင်းကောင်းမှာအားလုံးစားသောက်ကြဖို့ချိန်းထားကြသည်လေ။ ကုမ္ပဏီကလူကြီးတွေမပါသည့်ပွဲပေါ့။
အလုပ်ပြီးတိုင်းဖုန်းစစ်တတ်သည့်ရီပေါ်ကအကျင့်အတိုင်းဖုန်းကိုပြူးပြဲကြည့်နေသည်မို့ချန်ရှောင်းစကားကိုအာရုံမရောက်နိုင်ပါ။
*ရီပေါ်၊ ပြီးရင်ဟိုတယ်ကိုမပြန်နဲ့ဦးနော်၊ ကောလာခဲ့မယ်
ဟင်...ကောကလိုက်လာမှာလား...
နာရီကိုကြည့်တော့အချိန်ကညသန်းခေါင်ဖြစ်တော့မည်။ ကောဒီရောက်ရင်သန်းခေါင်ကျော်ကိုကျော်မှာပဲ။
ထို့နောက်ထပ်၀င်လာသော location လေးတစ်ခု။ ရီပေါ်နှုတ်ခမ်းတို့ပြုံးယောင်သန်းသွားသည်။ အဖြေပြန်မလာသောရီပေါ်ကိုချန်ရှောင်းကထပ်၍မေးသည်။