Chapter 83

164 32 2
                                    

"ဘိုးဘိုး၀မ်ရေ၊ စတော်ဘယ်ရီသီးလေး!"

"အင်း၊ အင်း၊ ခုဆေးနေပြီနော်"

ရေစက်ရေပေါက်များတွဲလွဲခိုနေသည့်စတော်ဘယ်ရီတစ်လုံးချင်းစီကိုရေသေချာစစ်ပြီး ပန်းကန်ထဲထည့်ပြီးအိမ်ရှေ့ထွက်လာတော့ အာလူးကြော်တစ်ထုတ်ကိုလက်ကကိုင်လက်စနှင့် ပါးစပ်ထဲကnabati ကိုတမြုံ့မြုံ့ ၀ါးနေသောရှောင်းကျန့်က ဆိုဖာ‌ပေါ်မှာတင်ပျဥ်ခွေထိုင်ကာ လိပ်ပြာကြည့်သည့်ကားဆိုလား ဘာလားကိုကြည့်နေသည်။ သူအဲ့ကားကိုကြည့်ချင်နေတာကြာပြီဆိုပဲ။ ဒါပေမယ့်အချိန်မရလို့ဥထားရတာလို့လည်းပြောသည်။ ခုမှအခြေအနေအမျိုးမျိုးကြောင့် ဘေကျင်းမှာနားနေရတုန်းရုပ်ရှင်ကြည့်နေတာဖြစ်သည်။

ဒါပေမယ့်ဟိုတစ်နေ့ကတော့ ရီ‌ပေါ်ကိုလိပ်ပြာကြည့်ကြမလားလာပြောပြီး ပါးလေးတွေရဲနေခဲ့သည်။ သို့သော်အလုပ်နှင့်အိမ်ပဲပတ်လည်ရိုက်နေသော၀မ်တုံးတုံးက ဒါဆိုပန်းခြံသွားကြမယ်ဟုပြောလိုက်လို့တစ်ရက်တိတိအကြီးအကျယ်စိတ်ကောက်သွားခဲ့သည်။

ရှေ့ရောက်လာသောပန်းကန်ထဲကစတော်ဘယ်ရီသီးတစ်လုံးကိုယူပြီးရှောင်းကျန့်တစ်ကိုက်ကိုက်လိုက်သည်။ ကျန်တစ်ပိုင်းကိုတော့ရီ‌ပေါ်ပါးစပ်ထဲပုံမှန်အတိုင်းပင်ထိုးထည့်လိုက်တော့ ရီပေါ်ကလည်းထုံးစံအတိုင်းပါးစပ်ထဲရောက်လာသမျှကို၀ါးနေသည်။ လက်နှင့်မျက်စိကတော့ရှောင်းကျန့်စားဖို့ ဖရုံစေ့ခွာပေးနေရလို့မအားပါ။

"ဘိုးဘိုး၀မ်၊ ဖရုံစေ့မရသေးဘူးလား"

"အင်း အင်း၊ ရပြီ"

အမြန်ခွာပြီးရလာသောဖရုံစေ့ဖြူဖြူလေးလက်တစ်ဆုတ်ကိုရှောင်းကျန့်လက်ထဲသေချာထည့်ပေးလိုက်တော့နှုတ်ခမ်းဆူသည်။

"ခွံ့ကျွေး၊ တစ်စေ့ချင်းစီ"

အခုတလောရှောင်းကျန့်ဘယ်လိုဖြစ်နေသည်မသိပါ။ ဘိုးဘိုး၀မ် ဘိုးဘိုး၀မ်ဟု တကောက်ကောက်ခေါ်နေပြီး အရာရာရီပေါ်အ‌ပေါ်မှီခိုနေသလိုပင်။ ရှောင်းကျန့်လူကြီးပဲဆန်ဆန် ကလေးပဲဆန်ဆန်ဘယ်လိုပုံစံမျိုးကိုပဲဖြစ်ဖြစ် ရီပေါ်ကချစ်သော်လည်း တစ်ခုခုထူးခြားနေသလိုခံစားရသည်။

Yizhan's Diary💚❤️ Part -IOù les histoires vivent. Découvrez maintenant