Chapter 91 ZawGyi

82 10 16
                                    

"အင့်"

တစ်ကိုယ်လုံးကိုင်ရိုက်ခံထားရသောခံစားချက်နှင့်အတူ ရှောင်းကျန့်လေးလံနေသောမျက်ခွံများကိုအားယူကာဖွင့်လိုက်သည်။

မျက်လုံးပွင့်ပွင့်ချင်းမြင်လိုက်ရတာက လိုက်ကာကြားကနေခန္ဓာကိုယ်ပေါ်သို့ဖြာကျနေသော ပူနွေးနွေးစူးရှရှအလင်းရောင်။ အလင်းရောင်ကြောင့်အတန်ငယ်ကျိန်းသွားသောမျက်စိကိုပြန်လည်မှေးစင်းကာ ထထိုင်လိုက်တော့ တင်ပါးအောက်ကစူးခနဲခံစားချက်ကြောင့် ကိုယ့်ကိုယ်ကိုငုံ့ကြည့်လိုက်မိသည်။ ဖြူဖွေးသောရင်ဘတ်ပေါ်မှာ မပေါ့်တပေါ်လေးဖြစ်နေသောမိန်းကလေးအတွင်းခံသာသာ လက်နှစ်လုံးလောက်ရှိသောအဝတ်ပိုင်းတစ်ခု၊ အောက်တွင်တော့ စကတ်လိုလို ပင်တီလိုလိုပုံစံက ရှောင်းညီလေးကိုမလုံ့တလုံဖုံးအုပ်ထားသည်။ ထို့နောက် ဖြူဖွေးသောအိပ်ယာခင်းတွင်ဟိုတစ်စဒီတစ်စ စွန်းကွက်နေသောနီရဲရဲများ...

"မြတ်စွာဘုရား...."

မြင်လိုက်ရသောအဝတ်အစားများကြောင့် ခေါင်းပြန်မော့ကာဘုရားတမိတော့ ကုတင်ခြေရင်းမှန်တင်ခုံတင်ပေါ်နေသော မိမိရုပ်သွင်က cosplayer လိုလိုဘာလိုလိုနှင့် ခေါင်းမှာလည်းဂျိုပေါက်...အဲလေ...ဂျိုဘီးကုတ်ကိုတပ်ထားသေးသည်။ ပစ္စည်းအားလုံးက အနက်နှင့်အနီရောင်များသာဖြစ်သောကြောင့် ဖြူဖွေးသောရှောင်းကျန့်ခန္ဓာကိုယ်ပေါ်တွင် ပနံသင့်နေသည်ကတော့အမှန်။ အပိုဆုအနေဖြင့် ခရမ်းရင့်ရောင်သို့ပြောင်းနေပြီဖြစ်သော အမှတ်အသားအချို့ကလည်း ခန္ဓာကိုယ်နေရာအနှံ့တွင် နေရာယူထားသည်။

"ဒါ...ဒါတွေက..."

အိတ်တင်းပလက်စ်ထပ်ကျော်လွန်နေသော မိမိပုံစံကြောင့်ခေါင်းပေါ်မှဂျိုနှစ်ချောင်းကိုဆွဲဖြုတ်ရင်း စစ်ခနဲကိုက်တက်လာသောခေါင်းကိုအသာခါယမ်းမိတော့ ဝိုးတဝါးပေါ်လာသောညကပုံရိပ်များ...

"ကောတို့ပြန်တော့မယ်နော်..."

"ကျန့်ကော...Trick or Treat..."

ရှောင်းကျန့်ရဲရဲနီနေသောမျက်နှာနှင့် မိမိဘေးကိုလှည့်ကြည့်လိုက်တော့ ဝစ်လစ်စလစ်နှင့် ခြေထောက်ကို 180ဒီဂရီကားအိပ်နေသောလင်တော်မောင်။

Yizhan's Diary💚❤️ Part -IOù les histoires vivent. Découvrez maintenant