"ကောကော"
"ဘာလဲကွာ ၀မ်ရီပေါ်"
နောက်ကနေတကောက်ကောက်လိုက်ကပ်ကာ တကောတည်းကောနေသော၀မ်ရီပေါ်ကိုရှောင်းကျန့်စိတ်မရှည်တော့ပေ။ မနက်လင်းကတည်းကကိုယ်ပေါ်တက်ခွတော့မတက်လုပ်နေတာ အလုပ်ကိုလွတ်လွတ်လပ်လပ်မလုပ်ရတော့ပေ။
"ကောက သားကိုအော်တယ်...ဟင့်"
မရှိရှိတဲ့မျက်ရည်ကိုညှစ်ထုတ်ကာမျက်ရည်ဘူးသီးလုံးလောက်ကျအောင်ငိုပြနေသော၀မ်ရီပေါ်ကြောင့်ရှောင်းကျန့် မျက်ဖြူဆိုက်သွားသည်။
"ကောကသားကိုမချစ်တော့ဘူးမလား..."
လုပ်ပြန်ပြီ။
တရုတ်နှစ်ကူးပွဲကိုရန်ဇီနှင့်အတူတူတက်ရမယ်ဆိုကတည်းက ၀မ်ရီပေါ်ရစ်နေတာဖြစ်သည်။ ဒီကိစ္စကြောင့်ရှောင်းကျန့် ၀မ်ရီပေါ်ကိုအမျိုးမျိုးချော့ပြီးခွင့်တောင်းထားရတာဖြစ်သည်။ ယုန်မျက်သွယ်လေးကလယ် ကလယ်ကြောင့်ရော၊ အလုပ်ကိစ္စကလွဲ၍ဘာစိတ်မှမရှိသောရှောင်းကျန့်ကိုယုံ၍ကြောင့်ရော ခွင့်ပြုလိုက်ပေမယ့် အူပုတ်စိတ်ကလေးကရှိနေသေးတာကြောင့်ရစ်စရာမရှိကြံဖန်ရစ်နေတာဖြစ်သည်။
"လောင်၀မ်၊ ကောကိုကြည့်စမ်း..."
နှုတ်ခမ်းလေးဆူပြီးငုံ့နေသည့်ခေါင်းလုံးလုံးလေးကိုလက်နှစ်ဖက်နှင့်ညှပ်ယူမော့လိုက်တော့ မျက်လုံး၀ိုင်း၀ိုင်းလေးကကြည့်လာသည်။
"ဘာလို့အဲ့လိုတွေပြောနေရတာလဲ၊ ကော လောင်၀မ်တစ်ယောက်တည်းကိုပဲချစ်တယ်ဆိုတာခုထိမယုံသေးတာလား"
ရီပေါ် ရှောင်းကျန့်ကိုမယုံဘူးမဟုတ်။ ယုံပါသည်။ ဒါပေမယ့် အဲ့စပျစ်သီးမကို သောက်မြင်ကပ်စိတ်ကြောင့် အူတိုစိတ်ကြောင့်ရော စိတ်ထဲကတစ်ခါတစ်လေ ၀မ်းနည်းလာမိတာဖြစ်သည်။
"ကောကမင်းတစ်ယောက်ကိုပဲချစ်တာ မြတ်နိုးတာမို့လို့ အဲ့လိုမျိုးတွေမပြောနဲ့၊ လောင်၀မ်အဲ့လိုပြောရင်ကောရင်ဘတ်ကနာတယ်"
ပြောရင်းရင်ဘတ်ပေါ်လက်ကိုတင်ပေးလာတာမို့ ရှောင်းကျန့်နှလုံးသားနေရာလေးကိုအသာအုပ်ကိုင်လိုက်ပြီး ငုံ့ကိုင်းကာအနမ်းတစ်ပွင့်ပေးလိုက်သည်။