Chapter 85

183 21 0
                                    

ပွဲတော်နေ့မှာကိုယ့်ချစ်သူ ကိုယ့်ခင်ပွန်းလေးနဲ့အတူရှိချင်တာငါ့အလွန်လား ! လမုန့်လေးစား တီတီတာတာကျီကျီကျာကျာလေးတွေနဲ့ ငါကကြည်ကြည်နူးနူးရှိချင်တာလေ။ အခုတော့ ရှောင်းကျန့်ဆိုတဲ့အသည်းအသက်လေးနဲ့ခွဲရဦးမယ်တဲ့၊ ပွဲတော်နေ့လေးတောင်မစောင့်နိုင်ကြဘူးတဲ့! ဘယ်လိုတောင်၀ဋ်လည်ကြမယ့်ဟာတွေလည်း...မင်းတို့ပြောကြပါဦး...ဟမ်

မေးသာမေးရတာ ငါခံစားနေရတဲ့ဖီလင်မျိုးလည်းမင်းတို့သိမှာမဟုတ်ပါဘူး။

အသင့်ပြင်ပြီးသောအိတ်ဘေးတွင်ဆောင့်ဆောင့်ထိုင်ကာ နှုတ်ခမ်းကိုရှေ့တစ်တောင်လောက်ထော်ထားသော၀မ်ရီပေါ်တစ်ယောက်ရှိလေသည်။ မျက်လုံးများကတော့အိမ်ရှေ့နှင့်နောက်ဖေးကို ခပ်သွက်သွက်လေးလှုပ်ရှားသွားလာနေသောရှောင်းကျန့်ဆီမှာ၊ တိတိကျကျပြောရရင်တော့ ရှောင်းကျန့်ရဲ့မက်မွန်သီးဆီမှာ!

ဟုတ်တယ်လေ၊ တစ်ပတ်လောက်ခွဲရမှာကို ရတဲ့အချိန်လေးတော့ဟောဒီမြင်ကွင်းလေးကိုနှလုံးသားထဲမှာအပြည့်ထည့်ထားချင်ပါသည်။

"ကဲ ၀မ်ရီပေါ်၊ မျောက်မှိုင်မှိုင်မနေနဲ့၊ အ၀တ်အစားလဲတော့၊ ကား‌ရောက်လာရင်အဆင်သင့်ဖြစ်အောင်"

ရှောင်းကျန့်ကနောက်ဖေးကနေ ရီပေါ်အတွက်နေ့လည်စာထမင်းဘူးကိုပြင်ဆင်နေရင်းအိမ်ရှေ့ကိုလှမ်းအော်သည်။ အစားမက်သောရီပေါ်က အထူးသဖြင့်‌ရှောင်းကျန့်လက်ရာကိုပိုမက်မောသည်။ ထို့ကြောင့်လေယာဥ်ပေါ်တွင်ရီပေါ်နေ့လည်စာစားရန် ရှောင်းကျန့်နေလည်စာဘူးလေးထုတ်ပိုးပေးနေခြင်းသာ။ ဒယ်အိုးထဲကအသည်းပုံစံခွက်လေးမှဘဲဥကြော်ကိုထမင်းပေါ်တွင်အုပ်လိုက်ကာ လက်စသတ်ရင်းရှောင်းကျန့်ကျေနပ်သွားသည်။

"တော်လိုက်တဲ့ငါလေး"

ထမင်းဘူးကိုအဖုံးအုပ်ပြီး အိတ်လေးထဲထည့်လိုက်သည်။ အသင့်ကြိုထားတော့ရေညှိဟင်းရည်ကိုအပူခံဓာတ်ဘူးထဲထည့်ပြီးအရည်မစိမ့်အောင်သေချာအလုံပိတ်လိုက်သည်။

ထမင်းဘူးလေးနှင့်ဓာတ်ဘူးကိုကိုင်ပြီးအိမ်ရှေ့ထွက်လာ‌တော့ ခုနကအတိုင်းထိုင်နေလျက်ရှိသော၀မ်ရီပေါ်။

Yizhan's Diary💚❤️ Part -IOù les histoires vivent. Découvrez maintenant