Chapter 36

306 36 10
                                    

"ကော...ကျန့်ကော....ရှောင်းကျန့်ရား...."

ဆိုဖာပေါ်မှာပျင်းတိပျင်းရွဲထိုင်ကာကျင်းကော်ကိုပေါင်ပေါ်တင်ထားသော၀မ်ရိပေါ်။ အလုပ်တွေပါးသည့်အချိန်လေးဖြစ်နေ၍ ခုတလောအိမ်မှာစကိတ်ဘုတ်စီးလိုက်၊ ကောကိုကပ်ချွဲလိုက်၊ ဟိုဟာလေးစားလိုက်ဒီဟာလေးစားလိုက်ဖြစ်ကာ ပိန်ကျသွားသောပါးလေးလည်းပြန်ဖောင်းကာ၀က်ပေါက်ကလေးပင်ဖြစ်လို့နေပြီ။ အပြင်လည်းသိပ်မထွက်ဖြစ်။ ကိုယ်ကအပြင်မှာပဲအချိန်ပြည့် အလုပ်လုပ်နေရသူဆိုတော့ နားရက်လေးအိမ်မှာနေချင်သည်။ ကောရှိသည့်အိမ်မို့လို့လည်းပါတာပေါ့။

ခုလည်းမနက်စာစားပြီး ကောကမီးဖိုချောင်ထဲမှာဘာတွေလုပ်နေပြန်သည်မသိ။ အားရက်နားရက်ကလေး ချစ်သူနှစ်ဦးချစ်ကြည်နူး တစ်တီတူးကာ ချစ်စကားတွေတွတ်ထိုးချင်ပါသည်။ သို့သော် ယခုတော့အဖော်မဲ့အထီးကျန်ငှက်ငယ်လေးဖြစ်လို့နေသည်။

ဘယ်လောက်အော်ခေါ်ခေါ် မီးဖိုချောင်မှာအလုပ်မပြတ်သောကောကြောင့်မီးဖိုကိုပင်စိတ်တိုလာလေပြီ။

တစ်ခါတည်းဖြိုချလိုက်ရကောင်းမလား......

နှုတ်ခမ်းကိုတစ်ချက်မဲ့လိုက်ပြီး ပေါင်ပေါ်ကကျင်းကော်၏နူးနူးညံ့ညံ့အမွှေးဖွားဖွားလေးများကိုပွတ်သပ်ပေးနေလိုက်သည်။ ကျင်‌းကော်ကတော့မျက်လုံးမှိတ်ကာဇိမ်ခံနေသည်။

"ကျင်း‌ကော်၊ ဒက်ဒီတို့စကိတ်စီးမလား"

နားနားကပ်ကာမေးလိုက်သောရီပေါ်အသံကြောင့်ကျင်းကော်မျက်လုံးတို့ဖျက်ခနဲပွင့်သွားသည်။ သူ့ကိုငုံ့ကြည့်နေသော၀မ်ရီပေါ်ကိုဆက်ခနဲမော့ကြည့်ပြီးအမွှေးများထောင်ကာပေါင်ပေါ်မှပြေးဆင်းသွားသည်။

ကျင်းကော်တို့ကတစ်ခါသေဖူးပျဥ်ဖိုးနားလည်တယ်။

လွန်ခဲ့တဲ့လ၊ ရှောင်းကျန့်နမ့်ကျင်းမှာဇာတ်ကားရိုက်နေတုန်းက ၀မ်ရီပေါ်ရိုက်ကူးရေးစောစောပြီးသည့်ရက်ဆိုအိမ်မှာကျင်းကော်နှင့်ရီပေါ်နှစ်ကောင်တည်း။

နှစ်ကောင်ပေါ့၊ နှစ်ကောင်ပေါ့။ ပါးပါးကဒက်ဒီကိုနွားသိုးလို့လဲပြောတယ်၊ တစ်ခါတစ်ခါမျောက်လို့လဲခေါ်တယ်၊ တစ်ခါတစ်လေကျ ၀က်ဖြစ်သွားသလို တစ်ခါတစ်လေဆိုလည်းခြင်္သေ့ပေါက်လေးဖြစ်သွားပြန်ရော။ အဲ့ဒီတော့ ဒက်ဒီကဘာကောင်မှန်းကျင်းကော်လည်းသေချာတော့မသိပေမယ့် လူမဟုတ်ဘူးဆိုတာတော့သေချာတယ်။ ဘာလို့လဲဆိုတော့ ညညတွေဆိုပါးပါးရဲ့ "၀မ်ရီပေါ်၊ မင်းလူမှဟုတ်ရဲ့လား" ဆိုတဲ့စကားသံကိုကြားနေရတယ်လေ။

Yizhan's Diary💚❤️ Part -IOù les histoires vivent. Découvrez maintenant