Chapter 55

228 34 10
                                    

"တောက်!"

ခြံ၀င်းထဲမှာပန်းပင်ရေလောင်းနေသောရှောင်းကျန့်၏နောက်ကျောပြင်ကိုကြည့်ရင်း ရီပေါ်တောက်တစ်ချက်ပြင်းပြင်းခေါက်လိုက်သည်။

ရှောင်းကျန့်၀တ်ထားပုံကိုကြည့်လိုက်စမ်းပါဦး။ အိမ်နေရင်းဘောင်းဘီဒူးလယ်လောက်ကိုအပေါ်ကခါးလယ်လောက်သာရှည်သည့်တီရှပ်အဖြူပွပွနှင့်တွဲ၀တ်ထားသည်။ မနက်ခင်းနေရောင်ချည်နုနုကရှောင်းကျန့်ကိုယ်ပေါ်ကိုထိုးနေကာ တီရှပ်ပါးပါးကိုဖောက်ထွင်း၍အထဲကဖြူဖြူ၀င်း၀င်းအသားနှင့်ခါးသေးသေးသွယ်သွယ်ကိုပါမြင်ရရုံမက တင်ပါးမဖုံးသည့်အင်္ကျီကြောင့်ရှောင်းကျန့်၏မက်မွန်သီးအလုံးလိုက်မှာနောက်သို့ပစ်ထွက်နေသည်။ ထို့အပြင်ဘောင်းဘီကရေစိုပြီးတင်ပါးနေရာမှာကပ်နေသေးသည်။ ခုတလော ရှောင်းကျန့်ကရိုက်ကူးရေးတွေနားနေလို့လားမသိ၊ ပြန်၀လာပြီး ပြန်ကိတ်လာသည်မှာမက်မွန်သီးလုံးကသက်သေပင်။

*ဖတ်

"ဟဲ့ သောက်ခွေး!!!"

ဆောင်းမနက်ခင်းအေးအေးလေးတွင်ပန်းပင်ရေလောင်းကာ စိတ်ကူးလေးနှင့်အေးအေးချမ်းချမ်းဖြစ်နေတုန်းနောက်ကနေဖင်ကိုဖက်ခနဲလာကိုင်သည့်လက်ကြီးကြောင့် အိမ်မက်ကမ္ဘာလေးမှာဖျက်ခနဲပျောက်ကွယ်သွားသည်။ နောက်ကိုအလန့်တကြားလှည့်ကြည့်တော့ မျက်မှောင်ကိုကုတ်နေအောင်တွန့်ချိုးကာတစ်စုံတစ်ရာကိုစူးစိုက်ကြည့်နေသော၀မ်ရီပေါ်။ ရီပေါ်ကြည့်နေသည့်နေရာကိုလိုက်ကြည့်လိုက်တော့ မနက်တိုင်းစက်ဘီးစီးတတ်သည့်ဘေးအိမ်ကကလေးလေးကခြံပြင်ကနေရှောင်းကျန့်ကိုကြည့်နေတာကိုတွေ့ရသည်။

"ဒီသောက်ကလေးတော့..."

အံကိုကြိတ်ကာရီပေါ်ကမျက်လုံးပြူးပြီးကြည့်နေတော့ ထိုကလေးကစက်ဘီးကိုလှစ်ခနဲနေအောင်စီးကာပြေးထွက်သွားသည်။

"ရီပေါ် ဘာဖြစ်နေတာတုန်း"

ရှောင်းကျန့်ကမိမိတင်ပါးပေါ်မှရီပေါ်၏လက်ကြီးနှစ်ဖက်ကိုခေါင်းလှည့်ကြည့်ကာမေးတော့ တွန့်ချိုးထားသည့်မျက်ခုံးများကမပြေသေး။

Yizhan's Diary💚❤️ Part -IOù les histoires vivent. Découvrez maintenant