Chapter 82 ZawGyi

101 13 2
                                    

"ဟွန့်!"

"ခွေးပေါက်လေးရာ ကောတကယ်မနမ်းချင်ပါဘူးဆိုနေမှ"

ရှောင်းကျန့်ပြောစကားကိုမကြားချင်ယောင်ဆောင်ကာတစ်ဖက်လှည့်ဖုန်းသုံးနေသောရီပေါ်ကိုကြည့်ပြီး ရှောင်းကျန့်သက်ပြင်းချလိုက်သည်။

ပြောတော့ကောကိုကျွန်တော်ပိုင်တာမို့လို့သ၀န်မတိုဘူးလေး၊ ဘာလေးနဲ့... ခုတော့ရှောင်းကျန့် ဟိုမင်းသမီးကိုနမ်းတဲ့ trailor ကြည့်ပြီးကောက်နေလိုက်တာပြန်ကိုမဖြောင့်တော့။

အင်းပါ၊ မင်းကကောက်တတ်တော့လည်း ငါကချော့တတ်ရမှာပေါ့။

*မင်းမဟုတ်တဲ့ဘယ်အသစ်တစ်ယောက်ကိုမှ ကိုယ်မချစ်နိုင်တော့ပါဘူးကွယ်...🎶🎶🎶

ကြားလိုက်ရတဲ့သီချင်းသံကြောင့်ရီပေါ်မျက်ခုံးတစ်ဖက်တို့ပင့်တက်သွားသည်။ မသိမသာလှည့်ကြည့်လိုက်တော့ ဖုန်းလေးထောင်ကာ douyin ရိုက်ဖို့ကြိုးစားနေသည့်ရှောင်းကျန့်။ ခန္ဓာကိုယ်ကဟိုယိမ်းဒီလှုပ်နှင့်ဆော့လိုက်၊ ပြန်ကြည့်လိုက်နှင့် မျက်နှာလေးမှုန်ကုပ်နေပုံကအဆင်ပြေပုံမရ။

ရီ‌ပေါ်ခပ်တည်တည်နှင့်ရှောင်းကျန့်အနားမသိမသာလျှောက်သွားလိုက်တော့ ခေါင်းလေးမော့ကြည့်ကာဟီးခနဲရယ်ပြလာသည်။

အဲ၊ ဟုတ်ပြီ၊ လောင်ဝမ်ကိုချော့ရမယ်၊ ဟီးဟီး...

ဖျက်ခနဲအလင်းရသွားသည့်ရှောင်းကျန့်ကရီပေါ်ကိုသွားလေးဖြဲကာတောင်းဆိုလိုက်သည်။

"ကောကိုဖုန်းလေးကိုင်ပေးပါလား"

ရီပေါ်မျက်မှောင်ကုပ်သွားသော်လည်းမျက်လုံးလေးပေကလပ်ပေကလပ်လုပ်ပြနေသည့်ရှောင်းကျန့်ကြောင့် ဖုန်းကိုရှောင်းကျန့်ရှေ့ထောင်ပေးထားလိုက်သည်။

"၀ိုး....၀ိုး..."

တ၀ိုးဝိုးနှင့်douyin ရိုက်နေသောရှောင်းကျန့်ကိုရီပေါ်သေချာကြည့်နေသည်။

ငါကကောက်နေတာကို သူက douyin တွေထရိုက်နေတာဘာသဘောလဲ...ငါ့ကိုဂရုမစိုက်တော့ဘူးလား...ကောက်ချင်ကောက်မကောက်ချင်နေဆိုတဲ့သဘောလား...

အတွေးတွေများလာသောရီပေါ်ကမျက်နှာကြီးမည်းလာကာငိုမဲ့မဲ့ဖြစ်လာပြီးဖုန်းကလည်းသေချာမကိုင်နိုင်တော့။ ကင်မရာနှင့်ချိန်သားမကိုက်သည့်ရှောင်းကျန့်က ရီပေါ်လက်ထဲကဖုန်းကိုလှမ်းယူလိုက်သည်။

Yizhan's Diary💚❤️ Part -IOù les histoires vivent. Découvrez maintenant