Chapter 6

838 86 12
                                    

ဒီနေ့တော့ ရိပေါ် Street Dance China Press Conference သွားသောကြောင့်ရှောင်းကျန့်တစ်ယောက်တည်းဖြစ်နေသည်။ Summer Surfပြီးတော့ 2ရက်3ရက်လောက်ခဏနားပြီးရှောင်းကျန့်နားမှာတကပ်ကပ်လုပ်နေတုန်းကတော့တစ်နေ့လုံးနီးပါးလှုပ်ရွနေတတ်သောလင်တော်မောင်ကြောင့်ရှောင်းကျန့်မျက်စိနောက်ရသည်။

ကိုယ့်မှာတော့သူ့ကိုအစတုန်းကအချေမင်းသားကြီး Cool Guy ကြီးဆိုတော့ကြွေလိုက်ရတာ။ အကြောင်းသိသွားတော့၀မ်ရိပေါ်ဆိုသည်မှာတစ်ကိုယ်လုံးဘယ်နားမှအငြိမ်မနေနိုင်သောသူဖြစ်သည်။ မနက်ကစ၍စကိတ်ကိုဒလိမ်း ဒလိမ်းစီးသည်။ စကားမစပ် ၀မ်ရိပေါ်လမ်းလျှောက်တာများမင်းတို့မြင်ဖူးကြလားဟင်။ ငါတော့သူနဲ့နေကတည်းကအိမ်ရှေ့ကနေနောက်ဖေးသွားတာတောင်စကိတ်နဲ့သွားတာပဲမြင်တယ်။ တော်တော်ကိုအံ့ဩမိလို့ပါ။ တော်သေးတာပေါ့ဆိုင်ကယ်ပါအိမ်ထဲမှာမစီးလို့။ မဟုတ်ရင်ငါ့အိမ်လေးပြိုရချည်ရဲ့။ မျက်စိနောက်လို့အငြိမ်နေခိုင်းလျှင် ကိုယ်ကတော့ငြိမ်သွားပါရဲ့။ ပါးစပ်ကတော့အငြိမ်မနေ။  အမယ်...ဒင်းကလာလာချည်သေးရဲ့။ ကောနဲ့တွေ့မှစကားများတတ်တာပါဆိုတာကပါသေး။ မင်းတို့အိုင်‌ဒေါကြီးကတကယ်ကိုမလွယ်တာပါ။ ဒါပေမဲ့ ငါဒီလိုတွေပြောနေလို့ငါ့ကိုကယ်တင်မယ်လို့တော့မစဉ်းစားကြနဲ့နော်။ ငါကဒီဒုက္ခတောလေးထဲမှာပဲမျောချင်တာ😜ချစ်မိသွားတော့လည်း‌ဆေးမရှိဘူးလေ၊ ဟုတ်တယ်မလား၊ အဟိ😁

ရှောင်းကျန့်၏အတွေးထဲကအဟိကအပြင်ထွက်သွားသည်ထင်။ ခြေရင်းတွင်ပွတ်သီးပွတ်သက်လာလုပ်နေသောကျင်းကော်ကမော့ကြည့်သည်။

"အားယား ပါးပါးသမီးလေးလာပါဦး၊ သမီးလည်းဒက်ဒီ၀မ်ကိုလွမ်းတယ်မလား"

ကျင်းကော်။* ဟိုတစ်နေ့ကသူ့လင်နဲ့ PaPaPa ချင်တာနဲ့ငါ့ကိုအခန်းပြင်ကန်ထုတ်ထားတဲ့ဟာကြီးကိုငါကဘာကိစ္စလွမ်းရမှာလဲ။ မလွမ်းပါဘူး၊ ဟုန့်

တညောင်ညောင်အော်နေသောကျင်းကော်ရဲ့ကြောင်ဘာသာစကားကိုနားမလည်သူရှောင်းကျန့်ကတော့သဘောတွေကျကာ

"ဪ သမီးလေးလဲလွမ်းတယ်ပေါ့ ဟုတ်လား၊ ဟုတ်ပါပြီ၊ ပါးပါးသမီးလေးရယ်၊ ညပါးပါးနဲ့ဒယ်ဒီကြားလာအိပ်ဟုတ်လား"

Yizhan's Diary💚❤️ Part -IOù les histoires vivent. Découvrez maintenant