Chapter 50

284 34 4
                                    

ရှောင်းကျန့်လည်းအလုပ်ပြီးပြီ၊ ရီပေါ်လည်းအလုပ်ကိစ္စနဲ့ ခရီးထွက်နေရတော့အိမ်မှာမရှိသောကြောင့်နေ့လည်စာကိုပေါ့ပေါ့ပါးပါးပဲစားပြီးညစာကိုမစားတာများသည်။ ညတိုင်းနီးပါး ဗီဒီယိုကောလ် ခေါ်ပြီးထမင်းစားပြီးပြီလားမေးတတ်ပေမယ့် စားပြီးပြီလို့ပဲညာရတာပေါ့။ ဒီနေ့တော့ ရေခဲသေတ္တာကိုမွှေကြည့်တော့ ခေါက်ဆွဲချောင်းများနှင့် ပုစွန်လေးနဲနဲ၊ အသီးအရွက်လေးနဲနဲတွေ့သောကြောင့် ပါစတာလုပ်စားဖို့စဥ်းစားလိုက်သည်။

*တီ...တီ...

ပါစတာလုပ်ဖို့ အသီးအရွက်တွေပြင်ဆင်နေတုန်းဖုန်းမြည်လာ၍လုပ်လက်စကိုချထားပြီး ဖုန်းကိုဖြေလိုက်သည်။

"‌ေ၀..."

"ရှောင်းကျန့်၊ tencent ပွဲအတွက်၀တ်စုံတွေရပါပြီ"

"ဪ ဟုတ်ကဲ့၊ မနက်ဖြန်ကျွန်တော့်မန်နေဂျာကို"

"ဟုတ်ကဲ့၊ ပြီးတော့..."

"ဟုတ်၊ ပြောပါ"

"ဟို....၀မ်ရီပေါ်ရဲ့၀တ်စုံတွေလည်းရပါပြီ၊ သူ့ကိုဖုန်းဆက်တာဖုန်းမကိုင်လို့ မန်နေဂျာလည်းမကိုင်ဘူး"

"သူအလုပ်လုပ်နေလို့ထင်ပါတယ်၊ မနက်ဖြန်ကျွန်တော့်မန်နေဂျာလာတဲ့အခါသူ့၀တ်စုံတွေပါထည့်ပေးလိုက်ပါ"

"ဟုတ်ကဲ့ပါ"

အ၀တ်အစားဒီဇိုင်နာနဲ့ဖုန်းပြောလို့ပြီးသွားတော့ ရှောင်းကျန့်မန်နေဂျာဆီဖုန်းဆက်ပြီးရီပေါ်အ၀တ်တွေပါယူလာဖို့ပြောလိုက်တယ်။ သယ်ရမှာအထုတ်တွေများသွားပေမယ့် မတတ်နိုင်ဘူး။ ရီပေါ်က Changsha ကရိုက်ကွင်းကနေဆက်လာမှာဆိုတော့ သူပဲအ၀တ်တွေယူသွားတာပိုကောင်းသည်။

------------------------------------------------------------------------------

"‌ကော မနက်ဖြန် rehersal လုပ်ဖို့ကြိုလာမှာမဟုတ်လား၊ ကျွန်တော်ကောအတွက်အချိန်ဇယားပိုယူပေးထားတယ်"

ညဘက်ဟိုတယ်ပြန်ရောက်တော့ ရီပေါ်ကရှောင်းကျန့်ကိုရိုးရာမပျက် ဗီဒီယိုကောလ်ခေါ်သည်။ အလုပ်ပြန်ရောက်မှရေချိုးထားတာထင်သည်။ ရေစက်လက်နှင့် bathrobe ၀တ်ကာခေါင်းကိုရေသုတ်နေတဲ့ရီပေါ်ကိုကြည့်ပြီး ရှောင်းကျန့်တံတွေးမြိုချမိသည်။

Yizhan's Diary💚❤️ Part -IOù les histoires vivent. Découvrez maintenant