Chapter 53 ZawGyi

121 8 0
                                    

နှစ်သစ်ကိုကြိုဆိုရန်အသင့်အနေအထားဖြစ်နေသည့်တစ်ကမ္ဘာလုံးအနက် တရုတ်နိုင်ငံသည် ရိုးရာဓလေ့အရောင်ဖြစ်သောအနီရောင်များလွှမ်းခြုံလျက်2021ကိုကူးပြောင်းရန်ငံ့လင့်နေဟန်ရှိသည်။ တစ်နိုင်ငံလုံးရှိမြိတိုင်းတွင် နှစ်သစ်ကိုကြိုဆိုရန်ပွဲလမ်းသဘင်များပြင်ဆင်နေကြ၍ မြို့တိုင်းမြို့တိုင်း၊ လမ်းတိုင်းလမ်းတိုင်း၊ ရပ်ကွက်တိုင်းရပ်ကွက်တိုင်း လူများပျားပန်းခက်ခါပျော်ရွှင်နေကြသည်။

"ရှောင်းကျန့်!!!!ရှောင်းကျန့်!!!!"

"ပေါ်တိ!!!!"

"ကျန့်ကော!!!ကျန့်ကျန့်!!!!"

"ပေါ်လေး!!!အသည်းလေး!!!!"

ထိုအထဲမှပို၍စည်ကားနေသည်က ဟူနန်မြို့နှင့်ပေကျင်းမြို့။ နှစ်သစ်ကူးပွဲတော်ပြုလုပ်မည့် ဟူနန်မြို့ရှိ Hunan Festival နှင့် ပေကျင်းမြို့ရှိ Dragon New Year Festival သို့သွားသည့်လမ်းမတစ်လျှောက် အစိမ်းရောင်နှင့်အနီရောင်များရောထွေးလျက်ရှိသည်။ ထိုနှစ်ရောင်ကြားထဲမှ တစ်ချက်တစ်ချက်ပေါ်လာတတ်တာက အ၀ါ‌ရောင်များ။ ဒီတစ်နှစ်အတွက်အမြင်ထူးဆန်းဆုံးကတော့ အစိမ်းရောင်လိပ်ဝတ်စုံများဖြစ်သည်။ ကာတွန်းလိပ် Pajama ၀တ်စုံများကိုဝတ်ကာအချစ်တော်နှစ်ယောက်ကိုအားပေးရန် တတ်စွမ်းသလောက်ကြိုးပမ်းနေကြသောသမီးတော်လိပ်များကိုကြည့်ကာပီတိဖြာနေသည်က အဖေပေါ်နှင့် အဖေရှောင်းဟုခေါ်သော ကမ္ဘာကျော်သရုပ်ဆောင်များဖြစ်သော ၀မ်ရီပေါ်နှင့် ရှောင်းကျန့်ပင်။

ပွဲတော်ပြုလုပ်မည့် နေရာသို့တစ်စီးပြီးတစ်စီးထိုးဆိုက်လာသော Express ကားများမှာ ရှောင်းကျန့်နှင့်ဝမ်ရီပေါ်မျက်နှာကြီးများကလည်းအပြူးသားအပြဲသား။

"ရီပေါ် မင်းတို့ဘာမှဂရုမစိုက်ဘဲမင်္ဂလာဆောင်လိုက်ရင်တောင်မင်းတို့ကိုအစိုးရကပိတ်ပင်ဖို့စိုးရိမ်စရာမလိုလောက်ဘူးထင်တယ်"

Da Laoshi က မိတ်ကပ်အခန်းကမှန်ပြတင်းပေါက်ကနေ လမ်းပေါ်ကရုတ်ရုတ်သဲသဲဖြစ်နေသောလိပ်နင်ဂျာများကိုကြည့်ကာပြောတော့ မှန်ရှေ့မှာဖုန်းကြည့်ရင်းပြုံးနေသောရီပေါ်ကမော့ကြည့်သည်။

Yizhan's Diary💚❤️ Part -IOù les histoires vivent. Découvrez maintenant