Chapter 22

438 37 4
                                    

*တင်းတောင်

နောက်တစ်ခေါက်ထပ်မေ့သွားသောရီပေါ်ကြောင့်ဆရာ၀န်ပဲပြေးခေါ်ရမလားစဥ်းစားနေတုန်းအိမ်ရှေ့တံခါးဘဲလ်တီးသံကြောင့်‌ရှောင်းကျန့်အပြေးအလွှားသွားကြည့်လိုက်သည်။

"ဘယ်သူလဲ"

"ကျွန်တော် လျှပ်စစ်ပြုပြင်ရေးကပါ"

ရှောင်းကျန့်တံခါးဖွင့်လိုက်တော့

"အမလေး မား..."

တံခါးဖွင့်ဖွင့်ချင်းမြင်လိုက်ရသောမျက်နှာကြီးကြောင့်ရင်ဘတ်ကိုလက်နှင့်ဖိကာအမေတလိုက်သောလျှပ်စစ်သမားလေး။

"လာ ညီ၊ မီးကဘယ်နေရာကများရှော့ဖြစ်တာလည်းမသိဘူး၊ ရုတ်တရက်ကြီးပျက်ကျသွားတာ"

စကားများပြောကာအိမ်ထဲ၀င်သွားသူကြောင့်လျှပ်စစ်သမားလေးရင်တုန်ပန်းတုန်ဖြစ်နေရာမှ ဦးနှောက်ပါတုန်သွားသည်။

"သရဲကစကားပြောတာလား၊ ဟုတ်သေးပါဘူး၊ ဒါဆိုအိမ်ရှင်လား ဒီဖြူဖြူကောင်ကြီးက"

လျှပ်စစ်သမားလေးလဲကြောက်ကြောက်နှင့်နောက်ကလိုက်၀င်သွားလိုက်သည်။

"ဒီမှာ လျှပ်စစ်ပုံးဗျ"

နောက်ကတုန်တုန် နှင့်လိုက်နေတုန်းရှောင်းကျန့်ကရပ်၍လှည့်ပြောလိုက်သောကြောင့် မျက်နှာဖြူဖြူကြီးကိုဗြုန်းခနဲတွေ့လိုက်ရပြန်သည်။

*အောင်မလေး၊ ငါလေးတော့ဓာတ်လိုက်မသေဘဲနှလုံးရောဂါနဲ့သေတော့မှာပဲနော်...

"ဟုတ် ဟုတ်ကဲ့"

လျှပ်စစ်သမားလေးပြင်နေတုန်း ရှောင်းကျန့်ရီပေါ်ဆီသွားဦးမည်ဆိုကာအခန်းထဲ၀င်သွားပြန်သည်။ အခန်းထဲ၀င်ပြီးအ၀တ်ဘီရိုဆီကိုအမှတ်တမဲ့လှမ်းကြည့်လိုက်မိသည်။

"‌အောင်မယ်လေး...သရဲ...!!!"

ကိုယ့်ဟာကိုယ်အလန့်တကြားအော်ပြီးမှပါးစပ်ကိုလက်နှင့်ပြန်ပိတ်လိုက်မိသည်။ သရဲမြင်လိုက်မိသော ဘီရိုမှမှန်ကိုပြန်ကြည့်ရာ...

"ဟင် ငါပဲ"

အလန့်တကြားရေချိုးခန်းထဲဖယောင်းတိုင်တစ်တိုင်နှင့်၀င်ပြီးမှန်သေချာကြည့်မိရာ

Yizhan's Diary💚❤️ Part -IOù les histoires vivent. Découvrez maintenant