Chapter 46

260 33 2
                                    

*တီ....တီ.....တီ....

"သူဌေးဖုန်းလာနေတယ်"

၀န်ထမ်းတစ်ယောက်လှမ်းအော်လိုက်သံကြောင့် studio ဧည့်ခန်းကောင်တာပေါ်တင်ခဲ့မိတဲ့ဖုန်းကိုလာယူကာတစ်ချက်မျှကြည့်ပြီးဘောင်းဘီအိတ်ထဲထည့်လိုက်သည်။ ထိုနောက်ရုံးခန်းထဲပြန်လာကာအလုပ်ကိစ္စဆွေးနွေးသည်ကိုဆက်ရန်ပြင်လိုက်သည်။

"သွေ့ပုချိအကို၊ ဆက်ပြောလို့ရပါပြီ"

ဒီနေ့ရှောင်းကျန့်စာချုပ်ကိစ္စနှင့်အလုပ်ကိစ္စများဆွေးနွေးရန် studio သို့ရောက်နေခြင်းဖြစ်သည်။ သူဌေးပစ်ထားတာကြာနေပြီဖြစ်သော studio ကိုလည်းလာကြည့်ရင်းပင်။

အလုပ်အကြောင်းသာပြောနေတာမျက်နှာသိပ်ကောင်းပုံမပေါ်သောရှောင်းကျန့်မျက်နှာကို မန်နေဂျာကြီးတစ်ချက်ကြည့်လိုက်မိသည်။ အိမ်သားနှင့်ဘာဖြစ်ထားပြန်သည်မသိ။ အကြောင်းမသိသော တာ၀န်ခံရှောင်ဖုန်းကတော့အလုပ်ကိစ္စကိုသာတွင်တွင်ပြောနေသည်။

"စာချုပ်သက်တမ်းတိုးဖို့ကမ်းလှမ်းထားတာတွေလည်းရှိပါတယ်၊ အသစ်ကမ်းလှမ်းထားတာတွေကတော့ဒီမှာပါ"

ရှောင်ဖုန်းကမ်းပေးသောစာရွက်စာတမ်းများကိုရှောင်းကျန့်ယူကြည့်လိုက်သည်။ နာမည်ကြီး brand တွေတော်တော်များများပါသလို ခုမှတက်သစ်စကုမ္ပဏီတွေလည်းပါသည်။ ရှောင်းကျန့်ကိုအမှီပြုပြီးအောင်မြင်မှုကိုကြားဖြတ်ယူချင်ပုံရသည်။

"အသစ်ကိစ္စတွေကတော့နောက်မှကျွန်‌တော်တို့ထပ်ပြောကြတာပေါ့၊ ခုလက်ရှိကတော့သက်တမ်းတိုးဖို့ရယ် ပွဲအစီအစဥ်တွေရယ်ကိုပြောတာပေါ့"

"လောလောဆယ်ကို လာမယ့် 4ရက်နေ့မှာ Actor please stand by 2 မှာ သီချင်းဆိုဖို့ဖိတ်ထားတာရှိတယ်။"

"အင်း"

*တီ....တီ....

အိပ်ကပ်ထဲကဖုန်းကထပ်လာပြန်သည်ကြောင့်ရှောင်းကျန့်ဖုန်းကိုထုတ်ပြီးကြည့်လိုက်ပြန်သည်။ ခဏတာငိုင်နေပြီးဖုန်းချမယ်အလုပ် မန်နေဂျာကြီးကရှောင်းကျန့်လက်ကိုလှမ်းကိုင်၍တားလိုက်သည်။ အလုပ်ကိစ္စလည်းပြောသာပြောနေတာအာရုံမှမရှိဘဲ။

Yizhan's Diary💚❤️ Part -IOù les histoires vivent. Découvrez maintenant