Chapter 70

194 32 4
                                    

*တီ...

*တီ...

ကိုင်သူမဲ့နေသောအ၀င်ကောလ်လေးကိုရီပေါ်ထပ်ခါထပ်ခါခေါ်နေရင်းခေါင်းတွေပါမူးလာသည်။

ရီပေါ်အခုတလောအရမ်းပင်ပန်းနေသည်။ Camp ၀င်တုန်းကလည်းမနက် 3နာရီ 4နာရီလောက်အထိကိုလေ့ကျင့်ကြ၊ ရိုက်ကူးရေးလုပ်ကြနှင့်အအိပ်ပျက် အစားပျက်သည်။ အနုပညာရှင်တွေချည်းသီးသန့်၊ မန်နေဂျာတွေဘာတွေမပါတော့အ၀တ်အစား၊ နေထိုင်မှု၊ အပြင်အဆင်အားလုံးကိုယ်တိုင်ပြင်ဆင်ကြရသည်။ နိုင်ငံတော်အဆင့်ဖျော်ဖြေပွဲဖြစ်၍ထောင့်စေ့အောင်လုပ်ရ ကိုင်ရတော့အရာရာပိုသတိထားရသည်။ ဒီပွဲပြီးနောက်ပိုင်းမှာလည်း အချိန်ဇယားတွေကပြည့်နေ၍တစ်နေ့တစ်နေ့လူကလုံးလည်လိုက်နေသည်။ အရင်ကဆို မနက်အိပ်ယာထ၊ အလုပ်သွား၊ အစားကိုတာ၀န်အရစား၊ အိမ်ပြန်ရောက်၊ ထိုးအိပ်၊ မနက်ပြန်ထ၊ ပြန်သွား။ ဒါနဲ့ပဲတစ်နေ့တာတွေကကုန်ဆုံးခဲ့သည်။ ဘယ်အချိန်နေထွက်လို့ဘယ်အချိန်နေ၀င်မှန်းမသိ။ အလုပ်စချိန်ကမနက်ဖြစ်၍ အလုပ်ပြီးချိန်ကညဖြစ်သည်။

ဒါပေမယ့်ရီပေါ်ဘ၀ထဲသို့ထိုလူသားလေးရောက်လာချိန်ကစပြီးအရာရာပြောင်းလဲခဲ့သည်။ ရီပေါ့်ဘ၀လေးအဓိပ္ပာယ်ရှိလာသည်။ စက်ရုပ်လိုမျိုးတစ်နေ့တာဘ၀မှာပန်းနုရောင်လေးလွှမ်းခြုံလာသည်။ တာ၀န်အရစားနေရသောထမင်‌းနေရာတွင် သေချာဂရုတစိုက်ထုတ်ပို့ပြီးပို့တတ်သောထမင်းထုတ်၊ မုန့်ထုတ်နှင့်ဆေး၀ါးတွေကနေရာယူလာသည်။ ချမ်းအေးစွာတစ်ယောက်တည်းအိပ်နေရသောအိပ်ယာအစား တိုး၀င်စရာရင်ခွင်နွေးနွေးလေးရှိလာသည်။ အရာရာအဆင်ပြေချင်ဟန်ဆောင်နေသောလူသားလေးမှာ ယုန်သွားပိုင်ရှင်လေး၏အပြုံးလေးအောင်၀ယ် မိမိ၏နာကျင်မှုအခြမ်းကိုဖွင့်ဟပြလာသည်။ ထို့ကြောင့်ပင် ရှောင်းကျန့်မှာ ၀မ်ရီပေါ်၏ကိုးကွယ်ရာဖြစ်လာသည်။ မိမိ၏ကိုးကွယ်ရာကိုပုတ်ခတ်စော်ကား ထိခိုက်လာလျှင်တော့...

ဖြစ်ပြီးခဲ့သော DDU ရိုက်ကူးရေးကကိစ္စတွေကိုမတွေးချင်တော့၍ရီပေါ်ခေါင်းကိုကားဆိုဖာနောက်မှီသို့လှန်ချလိုက်သည်။ Da LaoShi တို့ကလည်းရီပေါ်ကို၀ိုင်း၀န်းနှစ်သိမ့်ကြပေမယ့်လို့ ရီပေါ်ကိုကဒီလူသားနှင့်ပတ်သက်ရင်အထိခိုက်ကိုမခံနိုင်တာဖြစ်သည်။

Yizhan's Diary💚❤️ Part -IOù les histoires vivent. Découvrez maintenant