Chapter 19

413 42 4
                                    

"အဟွတ် အဟွတ်"

"ကော သက်သာရဲ့လား"

"ငါ ဟွတ် ဒီမှာ အဟက် ဟက် သေမလိုတွေ အွတ် အွတ် ချောင်းဆိုးနေတာမင်းမမြင်ဘူးလား ဟွတ် အဟွတ်"

ရှောင်းကျန့်တဟွတ်ဟွတ် တဟက်ဟက်နှင့်၀မ်ရီပေါ်ကိုလှည့်ရန်တွေ့မိသည်။ ဒီချောင်းကမဆိုးဘဲနေပါ့မလား။ ဟိုတစ်နေ့က၀မ်ရီပေါ်လာပို့တဲ့ရေခဲမုန့်ကားကြီးကြောင့်လေ။ နေပူခံထားပြီး ရေခဲမုန့်တွေစားလိုက်တာ။ ပြီးတော့ အများကြီးကျန်နေရင်နှမြောစရာကောင်းလို့ တတ်နိုင်သမျှစားလိုက်မိတာ။ ဟမ်ဘာဂါတွေရောပဲ။ ငါစားချင်လို့စားတာမဟုတ်ဘူး။ ငါ့လင်ပိုက်ဆံအလကားဖြစ်မှာစိုးလို့စားတာ။ ဒါတောင် ရိုက်ကွင်းကလူတွေကပါ၀ိုင်းစားပေးလို့ပေါ့။ မဟုတ်ရင်ရှောင်ရှောင်းကျန့်တို့ရေခဲမုန့်စားပြီးသေတဲ့မသာဆိုဖြစ်ဦးမယ်။ အဲ့ဒါဒင်းကြောင့်၊ အဲ့မျောက်လောင်းကောင်ကြောင့်။ သူသာကိုယ့်အတွက်သက်သက်တစ်ကားမပို့ပေးလျှင်ဒီလိုဖြစ်စရာအကြောင်းမရှိဘူး။

ရှောင်းကျန့်၀မ်ရီပေါ်ကိုမျက်ထောင့်နီကြီးနှင့်စိုက်ကြည့်ပေးလိုက်သည်။

"ကောကလဲ၊ ကျွန်တော်ကကောကိုချစ်လို့ဟာကို"

မျက်နှာငယ်လေးနှင့်နှုတ်ခမ်းလေးစုချွန်ကာပြောနေသည့်၀မ်ရီပေါ်။ တော်လိုက်တော့၊ တော်လိုက်တော့။ အဲ့မျက်နှာနဲ့ငါ့ကိုညှင်းသတ်နေတာဘယ်နှစ်ခါရှိပြီလဲ။ လုပ်လိုက်ရင်အလွဲလွဲ အချော်ချော်။ သူရိုတာ လိပ်တွေချိုလားမချိုလားတော့မသိဘူး။ ငါတော့ချိုလွန်းလို့ ချောင်းဆိုးရင်ကြပ်ဖြစ်နေပြီ။

"ကော၊ ဆေးလေးသောက်လိုက်ပါဦးလို့"

"ပေး ပေး"

ရှောင်းကျန့် ရီပေါ်လှမ်းပေးလာသည့်ဆေးခွက်လေးယူကာသောက်လိုက်သည်။ ဆေးရည်ကပူရှိန်းရှိန်းလေးမို့လည်ချောင်းတွေယားနေတာနည်းနည်းသက်သာသလိုရှိသွားသည်။

"ကော ကိုယ်လဲနွေးနေတယ်၊ ဆရာ၀န်ခေါ်လိုက်ရမလားကော"

"မခေါ်နဲ့၊ ခဏအိပ်လိုက်ရင်သက်သာသွားမှာ၊ ဆရာ၀န်ခေါ်မှကိုဗစ်ဆိုပြီးဆေးရုံဆွဲခံနေရမယ်"

Yizhan's Diary💚❤️ Part -IOù les histoires vivent. Découvrez maintenant