Chapter 40

291 31 14
                                    

"ညကောင်းကင်ယံမှာ အတောက်ပဆုံးသောကြယ်လေးရေ...

ကောင်းကောင်းကြားရရဲ့လား...

မျှောင်လင့်နေတဲ့သူရဲ့ နှလုံးသားထဲကအထီးကျန်ဆန်မှုနဲ့ နောင်တတွေကို...

ညကောင်းကင်ယံမှာအတောက်ပဆုံးသောကြယ်ကလေးရေ...

မင်းမှတ်မိနိုင်သေးရဲ့လား...

ငါ့ဘေးမှာရပ်ပေးခဲ့ကြတဲ့ပုံရိပ်တွေ...

လေထဲမျောလွင့်ပျောက်ကွယ်သွားကြပြီ..."

ပြတင်းပေါက်ကတစ်ဆင့်ဖြာကြနေတဲ့နေရောင်ခြည်များကြားကအေးချမ်းလွန်းလှတဲ့အသံပိုင်ရှင်အဖြူရောင်ပုံရိပ်လေး။

*တီ

အသံမြည်လာတဲ့ဖုန်းကိုထုတ်ကြည့်လိုက်ပြီးရှောင်းကျန့်တစ်ချက်ပြုံးလိုက်သည်။ ဒီနေ့ ခွေးပေါက်လေးက DDU ကနေအပြန်သူ့အကိုတွေနဲ့ သူလေးစားရတဲ့ idol ကိုခေါ်လာမတဲ့လေ။ ဒါကြောင့်သူကလည်းခွေးပေါက်လေးမျက်နှာမငယ်အောင်အတတ်နိုင်ဆုံးကြိုးစားပြင်ဆင်ပေးရမှာပေါ့။

DDU ကအကိုတွေကအနုပညာလောကက ရီပေါ်ရဲ့ အုပ်ထိန်းသူတွေပဲမို့ အကောင်းမြင်ခံရအောင်ကြိုးစားသင့်သည်လေ။ အရင်ကလည်းမိတ်ဆက်ထားဖူးပေမယ့်ပေါ့။

ပြီးတော့ဒီနေ့အထူးဧည့်သည်ပါပါလာမည်ဆိုတော့ ရှောင်းကျန့်တို့မနက်မိုးလင်းကတည်းကအိမ်သန့်ရှင်းရေးလေးလုပ်တာ။ ဒါကိုကိုယ်တော်ချောက သန့်နေပြီးသားကိုထပ်သန့်လို့ဘာထူးမှာလဲကပြောသေးတယ်။ နားရင်းကိုနှစ်ချက်လောက်ပိတ်တီးပေးလိုက်မှ ဆူဆူအောင့်အောင့်နဲ့ထွက်သွားတာ။

ပြီးတော့ လိုတာလေးတွေနည်းနည်း၀ယ်ဖို့ အိမ်နားက mart လည်းသွားလိုက်သေးသည်။ ရီပေါ်ကိုဧည့်သည်လာမှာကိုစောစောကြိုမပြောဘူးဆိုပြီးနှုတ်ခမ်းဆူတော့ တရုတ်စားသောက်ဆိုင်ကမှာကျွေးလိုက်တဲ့။ တတ်လည်းတတ်နိုင်တဲ့ဟာလေး။ ကိုယ်ကသူ့အကိုကြီးတွေရှေ့မှာ သေချာအမှတ်ယူချင်လို့ပါဆိုမှ...

ညစာလာစားမှာဆိုတော့ နေ့လည်ထမင်းကိုတော့ဖြစ်သလိုပဲစားလိုက်ပြီးမှ ချက်ပြုတ်ဖို့ပြင်လိုက်သည်။ ခုပို့တဲ့စာအရဆို နောက်တစ်နာရီလောက်ဆိုရိုက်ကူးရေးပြီးတော့မှာဆိုပဲ။

Yizhan's Diary💚❤️ Part -IOù les histoires vivent. Découvrez maintenant