Chapter 64

176 21 0
                                    

"Congratulations သူဌေး၀မ်!!!"

အခန်းထဲ၀င်လာသည်နှင့်၀န်ထမ်းများ၏အော်ဟစ်ဂုဏ်ပြုသံများနှင့်လက်ခေါက်မှုတ်သံများကိုပါကြားလိုက်ရသည့်အပြင် ရွှီး...ဒိုင်းဟူသောအသံများပါတဆက်တည်းကြားလိုက်ရသဖြင့် ၀မ်ရီပေါ်ပုခုံးလေးကြုံ့သွားသည်။ ဘေးပတ်ပတ်လည်ကိုလှည့်ကြည့်လိုက်တော့ ဂုဏ်ပြုပန်းခြင်းများနှင့်လက်ဆောင်ပစ္စည်းများမှာလည်းစားပွဲပေါ်တွင်အပြည့်အသိပ်နေရာယူထားကြသည်။

ဟုတ်ပါသည်။ ဒီနေ့၀မ်ရီပေါ်ကိုယ်ပိုင်ရှယ်ယာအများဆုံး၀င်ထားသောကုမ္ပဏီစတင်တည်ထောင်သည့်နေ့။ အရင်ကလည်းတစ်ခြားကုမ္ပဏီတွေမှာရှယ်ယာနည်းနည်းပါးပါး၀င်ထားတာရှိပေမယ့် အခုကတော့ကိုယ်ပိုင်တည်ထောင်လိုက်သောကုမ္ပဏီပင်။ ကိုယ်ပိုင်ရွေးချယ်ခွင့်မရှိသော စာချုပ်ခံအနုပညာရှင်တစ်ယောက်ဘ၀မှရုန်းထွက်ရန်အတွက်ပထမဆုံးခြေလှမ်းဟုပြောလျှင်လည်းမှားမည်မထင်ပါ။

ချီးကျူးဂုဏ်ပြုနေကြသော မိတ်ဆွေများကိုနှုတ်ခမ်းတစ်ဖက်စွန်းပင့်တက်ရုံသာတိုးဖွဖွပြုံးပြလိုက်သည်။ မိမိကိုယ်ပိုင်ကုမ္ပဏီဖွင့်ပွဲနေ့တွင်ပျော်ပျော်ရွှင်ရွှင်ရှိရမည်မှန်သော်လည်း ရီပေါ်မပျော်နိုင်ပါ။ အဘယ့်ကြောင့်ဆိုသော်မနက်အိပ်ယာထကတည်းကရှောင်းကျန့်ကိုမတွေ့ရသေးသောကြောင့်ဖြစ်သည်။ ဒီနေ့ဘာနေ့လည်းဆိုတာသိသားနဲ့ ရှောင်းကျန့်က "ကောဒီနေ့ရိုက်ကူးရေးစောစောရှိလို့သွားပြီ" ဟူသော sticky note တစ်စောင်ကိုအုပ်စောင်းအုပ်ထားသောမနက်စာစား၀ိုင်းမှာထားခဲ့တာနဲ့တင်ပြီးသွားခဲ့သည်။ စိတ်ကောက်၍ကောပြင်ပေးခဲ့သောမနက်စာကိုသပိတ်မှောက်ရန်စိတ်ကူးမိသော်လည်း ကောလက်ရာမနက်စာလေးကိုနှမြော၍စားလိုက်ရသည်။

ငြိမ်တွေးနေရင်းမျက်နှာတဖြည်းဖြည်းပုပ်လာသော သူဌေး၀မ်ကို၀န်ထမ်းတွေကကြည့်ကာကြိတ်ရယ်နေကြသည်။ သူတို့သိတာပေါ့ သူတို့သူဌေးဒီလိုဖြစ်အောင်ဘယ်သူပဲလုပ်နိုင်သလဲဆိုတာ။

အားလုံးငြိမ်နေပြီးခဏအကြာ...

"ဂုဏ်ယူပါတယ် ကောရဲ့ခွေးပေါက်လေး..."

Yizhan's Diary💚❤️ Part -IOù les histoires vivent. Découvrez maintenant