Chapter 10

659 59 4
                                    

"ခွေးပေါက်လေး၊ ကော အစီအစဥ်တစ်ခုလက်ခံထားတယ်သိလား၊ studio ကိုအလုပ်လာအပ်ထားတာ"

"ဘာအစီအစဥ်လဲကော"

"စာရေးဆရာ Cao Yu ကိုလွမ်းဆွတ်ခြင်းနှစ် 110 ၊ ဘယ်လိုလဲကောင်းတယ်မလား"

"အင်း အစီအစဥ်ကကောနဲ့လိုက်သားပဲ၊ ကောက Host ပေါ့"

"ဟုတ်တယ် ရိပေါ်ရဲ့၊ အဲ့မှာစာရေးဆရာမ Wang Fang နဲ့လဲ interview လုပ်ရမှာ"

"အင်း၊ စာပေလောကက အစီအစဥ်ဆိုတော့တာ၀န်တော့ကြီးတယ်နော်ကော"

"ဟုတ်တယ်၊ အဲ့ဒါကြောင့်ကောလဲ ခုထဲကစပြီးလေ့လာသင့်တာတွေလေ့လာထားမလို့"

"အမလေး၊ ကောလောက်စာဖတ်တာကောပဲရှိတယ်၊ မျက်မှန်ကလဲပုလင်းဖင်ဖြစ်နေပြီ၊ မျက်လုံးတွေလဲခုတလောစပ်နေတယ်မလား၊ သိပ်မကြိုးစားနဲ့ကော"

"၀မ်ရိပေါ်၊ သူများတွေကချစ်သူကိုကြိုးစားဖို့အားပေးတာ၊ မင်းအလှည့်ကျမှ မကြိုးစားနဲ့တဲ့ ဘယ့်နှယ်"

"အာ ကောကလဲ၊ ကောမကြိုးစားလဲ ကောရဲ့ခွေးပေါက်လေးကရှာကျွေးမှာပေါ့၊ ကောပင်ပင်ပန်းပန်းရှာဖွေနေစရာမလိုဘူးလို့ပြောတာ"

ပန်းချီခန်းထဲရှိ ကင်းဘတ်စရှေ့တွင်ထိုင်ကာအရောင်စပ်နေသောရှောင်းကျန့်ကိုရိပေါ် မေးထောက်ကြည့်နေသည်။ တကယ်ပြောတာ ကျွန်တော့်ရဲ့ကောကဘယ်အချိန်ကြည့်ကြည့်အရမ်းလှတယ်။ သူဆွဲတဲ့ ပန်းချီတွေထက်သူကအနုပညာပိုဆန်တယ်ဆိုတာကိုမသိလေရော့သလား။

"ပြီးတော့ ကောအဲ့လောကထဲမှာထပ်ပြီးဖိနိုပ်ခံရမှာတွေကိုလဲကျွန်တော်မလိုချင်ဘူး"

ရှောင်းကျန့်ကလိုချင်တဲ့အရောင်ရသွားတော့ကင်းဘတ်စပေါ်ကိုစုတ်ချက်တစ်ချက်တင်လိုက်သည်။

"ရိပေါ်သိလား၊ လူတွေရဲ့ဘ၀ကဒီကင်းဘတ်စလိုပဲ"

စုတ်ချက်များကိုတစ်ချက်ပြီးတစ်ချက်စိတ်ရှည်ရှည်နှင့်ရေးဆွဲနေသောရှောင်းကျန့်ကိုရိပေါ်ငေးကြည့်နေမိသည်။ ကောကသူချစ်တဲ့အလုပ်လုပ်နေရရင်အဲ့ပုံစံအတိုင်းပဲ။ နှုတ်ခမ်းပါးလေးကိုကပြုံးယောင်သန်းနေတာ။

Yizhan's Diary💚❤️ Part -IOù les histoires vivent. Découvrez maintenant