Chapter 11

598 65 9
                                    

*တီ တီ တီ တီ

"ကျစ် ဘာလဲကွာ"

၀မ်ရိပေါ်အိပ်နေရာမှဖုန်းမှ alarm သံမြည်လာသောကြောင့်ကုတင်ဘေးစားပွဲပေါ်မှဖုန်းကိုလှမ်းယူလိုက်တော့မနက်၆နာရီ။

"ငါလဲဒီနေ့ရှုတင်မရှိဘဲနဲ့ဘာလို့ alarm ကမြည်နေတာလဲကွာ"

အိပ်မှုန်စုံမွှားနှင့်စိတ်ရှုပ်စွာဖုန်းကိုပြန်ပိတ်ပြီးအိပ်ပျော်သွားသည်။

လိုက်ကာကြားမှထိုးနေသောနေရောင်ကြောင့်ရှောင်းကျန့်မျက်တောင်များတဖျက်ဖျက်ခက်ကာအိပ်ယာနိုးလာသည်။

"နေရောင်ကြီးကလဲထိုးလိုက်တာ...."

ရှောင်းကျန့်တစ်ဖက်လှည့်ကာပြန်လှည့်အိပ်မြည်အလုပ်

"နေပါဦး၊ နေတောင်ဒီလောက်ထိုးနေပြီဆိုတော့အခုဘယ်အချိန်လဲ"

အပြေးအလွှားထပြီးအိပ်ယာဘေးကဖုန်းကယူကြည့်တော့စက်ပိတ်နေ၍မည်းမှောင်နေသောမျက်နှာပြင်

"ဟာ ဟုတ်သားပဲ၊ ညထဲကဖုန်းအားကုန်သွားတာ"

၀မ်ရိပေါ်ကိုအတင်းကျော်ခွပြီး ရိပေါ်ဖုန်းကိုယူကြည့်လိုက်တော့ မနက်၈နာရီ

"ဟင် ၈နာရီတောင်ထိုးပြီ၊ နောက်ကျတော့မှာပဲ၊ မြန်မြန်လုပ်မှ"

ရှောင်းကျန့်အိပ်ယာကကုန်ထတော့ကျောရိုးကစူးခနဲ

"အာ့"

ရိပေါ်ကိုလှည့်ကြည့်လိုက်တော့အိပ်ပျော်နေတာပါးစပ်အဟောင်းသားနဲ့သားရည်စီးကြောင်းက လော့ပင်းဟယ်ရဲ့မျက်ရည်စီးကြောင်းကျနေတာပဲ။ သူကတော့လုပ်ချင်တိုင်းလုပ်ပြီးအိပ်နေတာအသေအတိုင်း၊ ငါကတော့ထတောင်မနိုင်ဘူး။

*ဖြန်း ဖြန်း ဖြန်း

အမြင်ကပ်ကပ်နှင့်လက်မောင်းကိုတဖြန်းဖြန်းရိုက်လိုက်တော့ တအင်းအင်းတအဲအဲနှင့်ဟိုဘက်လှည့်သွားသည်။

ဒီဖေ...

"၀မ်ရိပေါ်!!!!!"

မျက်နှာနားကပ်ပြီးအမြင့်ဆုံးကီးနှင့်အော်လိုက်တော့ အခုနဖြဲကားအိပ်နေသောသူမှာချက်ချင်းပင်ကုတင်ပေါ်မက်တပ်ရပ်လျက်သား။ ခေါင်းအုံးတစ်လုံးကိုလဲအကာအကွယ်ယူထားသေးသည်။

Yizhan's Diary💚❤️ Part -IOù les histoires vivent. Découvrez maintenant