Chapter 94

183 25 6
                                    

*ကော ဒီပုံတင်လိုက်ရမလား၊ အဆင်ပြေလား?

တောင်ခနဲမြည်လာသော အသံနှင့်အတူဝင်လာသော စာနှင့်ဓာတ်ပုံလေးကိုကြည့်ပြီး ‌ရှောင်းကျန့်နှုတ်ခမ်းသားတို့စိတ်လိုလက်ရတွန့်ကွေးကာနှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်မိသည်။ အရာရာသူ့ကိုအရင်ဆုံးတိုင်ပင်ပြီးမှဆုံးဖြတ်ချက်ချတာ ဒီကလေးပေါက်ရဲ့စွဲမြဲနေသောအကျင့်။

မျက်နှာတည်တည်လေးနှင့် မှုန်တေတေဝက်ပေါက်လေး၏ဓာတ်ပုံကို လက်မလေးနှင့်ခပ်ဖွဖွပွတ်သပ်ပြီး နှုတ်ခမ်းနှင့်ကပ်ကာအနမ်းပေးလိုက်သည်။ ပြီးတော့မှ ဘယ်သူမှမရှိသောအခန်းကိုတစ်ချက်ပြန်လှည့်ကြည့်ပြီး ပါးနားများနီကာ တဟိဟိရယ်နေသေးသော ယုန်ပေါက်ကလေးရယ်ပါ။

* အင်း ပြေတယ်၊ ဒီပုံပဲတင်လိုက် 😘

ရှောင်းကျန့်ပြန်စာပြန်ပြီး ဖုန်းလေးဘောင်းဘီအိတ်ထဲပြန်ထည့်ကာ လုပ်လက်စစွန်ကိုဆက်လုပ်လိုက်သည်။ ညနေ vlog ရိုက်ရမှာဆိုတော့ ကင်မရာရှေ့မှာအရှက်ကွဲလို့တော့မဖြစ်ဘူးမလား။ ငယ်ငယ်ကချုံချင်းမှာ ပါးနဲ့လက်လုပ်ကစားစရာတွေလုပ်ဖူးပြီးသားမို့ သူကဒီနေရာမှာတော့ဆရာတစ်ဆူလို့ပြောလို့ရပေမယ့် ဒါတွေနဲ့ဝေးနေခဲ့တာလည်း ၁၀နှစ်နီးပါးလောက်ကြာမြင့်သွားပြီလေ။

*တီ...တီ...တီ....

တုန်ခါလာသောဖုန်းလေးကိုထုတ်ခါကြည့်လိုက်တော့

အူတုန်အသည်းတုန်ဝမ်ဝမ်...တဲ့

ဒီကလေးဘယ်တုန်းကယူပြီး contact name ပြောင်းထားပြန်ပါလိမ့်...

"ဝေ...ခွေးပေါက်လေး..."

"ကော ကျွန်တော်ပို့စ်တင်လိုက်ပြီ၊ ကြည့်ပြီးပြီလား"

"မကြည့်ရသေးဘူး ရီပေါ်ရဲ့"

မကြည့်ရသေးဘူးဆိုသော ရှောင်းကျန့်အသံကြောင့်ရီပေါ်နှာတစ်ချက်မှုတ်သွားသည်။

"ဘာလို့ကောကမကြည့်ရသေးတာလဲ၊ ကျွန်တော်ကကောကိုအရင်ဆုံးကြည့်စေချင်တာကို"

ဆူပုတ်ပုတ်လေးထွက်လာသောရီပေါ်အသံကြောင့်ရှောင်းကျန့်ခပ်ဟဟရယ်လိုက်မိသည်။ ပြီးမှ ကလေးချော့သလိုလေသံဖြင့်

Yizhan's Diary💚❤️ Part -IOù les histoires vivent. Découvrez maintenant