Chapter 62

215 26 6
                                    

၀မ်ရီပေါ် ဒီနေ့အရမ်းတွေပျော်နေသည်။ အရမ်း အရမ်းတွေကိုပျော်နေပါသည်။ အဘယ့်ကြောင့်ဆိုသော် မနက်ဖြန်ဘေကျင်းပြန်ရမည်ဖြစ်သောကြောင့်ဖြစ်ပါသည်။

လေဆိပ်တွေကိုအ၀င်အထွက် တစ်လတိတိပိတ်ထားမယ်ဆိုတဲ့သတင်းကြောင့် စိုးရိမ်မှုကြီးစွာဖြစ်ခဲ့ရပေမယ့် အရေးတကြီးသွားလာရန်ရှိသူများအတွက်ဆေးထောက်ခံချက်လက်မှတ်ရရင် ခွင့်ပြုပေးသည်ဆိုသည့်ထုတ်ပြန်ချက်ကြောင့် ချက်ချင်းပင်၀မ်ရီပေါ်တို့ Covid Center သို့သွား၍ဆေးစစ်ခံခဲ့သည်။ ပါးစပ်နှင့်နှုတ်ခေါင်းကို tester အရှည်ကြီးများနှင့်ထိုးနှိုက်ကာကလော်နေမှုလောက်ကိုတော့၀မ်ရီပေါ်တို့ကမမှုပါ။ ဒီ‌လောက်နာကျင်မှုက ကျန့်ကော၏အ‌ေ၀းမှာနှစ်ရှည်လများရှိနေရမည်ဆိုလျှင်ဆိုသောစိုးရိမ်မှုကပေးသော ကွဲကြေမှုကိုမမှီနိုင်ပါ။ ဘာပဲလုပ်ရလုပ်ရ ကျန့်ကောဘေးနားကိုရောက်အောင်သာပြန်ပါမည်။

CCTV ၏တရုတ်နှစ်သစ်ကူးပွဲတော်အတွက်အစီအစဥ်ကိုအကြောင်းပြု၍ ကုမ္ပဏီဘက်ကလည်းဖြေလျော့မှုများပြုလုပ်ပေးခဲ့သည်။ ကုမ္ပဏီဘက်ကတော့ သူတို့ပိုက်ဆံရလေကောင်းလေပဲမဟုတ်လား။

ခုတော့ Covid Negative ဆိုတဲ့ဆေးစာရွက်လေးကိုကိုင်၍ဘေကျင်းကိုပြန်ရန်၀မ်ရီပေါ်တို့တက်ကြွတဲ့ကြက်ဖဖြစ်နေချေပြီ။

*တီ....တီ.....

တုန်ခါလာတဲ့ဖုန်းလေးကိုကြည့်ကာ ချက်ချင်းကောက်ကိုင်လိုက်သည်။

"‌ေ၀...ကျန့်ကော"

"ရီပေါ် result ရပြီလား"

"ဟုတ်"

"ဘာတဲ့လဲဟင် ဘာတဲ့လဲ"

တုန်တုန်ယင်ယင်ပြာပြာသလဲမေးနေသောရှောင်းကျန့်ကြောင့်ရီပေါ်ကြည်နူးစိတ်နှင့်နှုတ်ခမ်းတို့ကွေးညွတ်တက်သွားသည်။

"ကောရဲ့ကျန်းမာသန်စွမ်းတဲ့ယောကျ်ားကိုကောကမယုံဘူးလား"

ရွှင်မြူးနေတဲ့အသံနဲ့ရီပေါ်အဖြေကြောင့် ရှောင်းကျန့်ဟင်းခနဲသက်ပြင်းချလိုက်သည်။

တစ်နေရာနဲ့တစ်နေရာ ကူးချည်သန်းချည်သွားလာပြီး အပြင်မှာအလုပ်လုပ်နေရတဲ့ရီပေါ်ကိုသူစိတ်ပူတာအမှန်ပင်။ ဒီရောဂါကြီးကလဲဘယ်လိုကြီးမှန်းမှမသိတာ။ ပြီးတော့ သရုပ်ဆောင်အလုပ်ဆိုတာ အမြဲတမ်း mask တပ်ထားလို့ရတဲ့အလုပ်မျိုးမဟုတ်။ ဒီမျက်နှာလေးနဲ့ပဲအလုပ်လုပ်နေရတာမဟုတ်လား။

Yizhan's Diary💚❤️ Part -IOù les histoires vivent. Découvrez maintenant